လက်တလော ပြည်တွင်းသတင်းအတော်များများမှာတွေ့မြင်ခဲ့ရတဲ့ အမေရိကန်နိုင်ငံသူ ကျောင်းဆရာမလေး Abby Hesterရဲ့ သတင်းကိုတော့ ပရိသတ်တွေလည်း ကြားသိကြမှာပါ။ ပဲခူးတိုင်း သနပ်ပင်မြို့ရှိ အခြေခံပညာကျောင်းလေးမှာ အင်္ဂလိပ်ဘာသာကို လာရောက်သင်ကြားပေးနေပြီး ကျေးရွားနေပြည်သူများစွာရဲ့ အချစ်တော်ဆရာမလေးတစ်ဦးပဲဖြစ်ပါတယ်။ ဆရာသင်ကြားမှုပိုင်းမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်သလို မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှု၊ ဓလေ့ထုံးစံတွေနဲ့ ရိုးရာပွဲတော်များစွာမှာလည်း ပါဝင်လုပ်ဆောင်ပျော်ရွှင်ဖူးသူတစ်ယောက်လည်းဖြစ်ပါတယ်။ 

အဆိုပါ ကျောင်းဆရာမလေးကတော့ မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအစီစဉ်နဲ့ လာရောက်သင်ကြးပေနေတာဖြစ်ပြီး သူမရဲ့ သူကြားမှု ၂နှစ်တာကတော့ လာမယ့် ၂၀၁၉ မေလမှာ ပြည့်တော့မှာပဲဖြစ်ပါတယ်။ ဆရာမလေးကတော့ အမေရိကန်နိုင်ငံသို့ မပြန်ခင် သနပ်ပင် အထကမှာ ကျောင်သားဦးရေး တိုးလာတဲ့ ပြဿနာကို ဖြေရှင်းဖို့ အမေရိကန် အခြေစိုက် INGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Build a school in Burma အဖွဲ့နဲ့ ပူးပေါင်းပြီး ပေ ၃၀ x ပေ ၉၀ အကျယ်အဝန်းရှိတဲ့ ကျောင်း ၁ လုံး ဆောက်လုပ်လှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။ ထိုကျောင်းဆောက်ဖို့ ခန့်မှန်းခြေ သိန်းပေါင်း ၁၁၀၀ လောက်ကုန်ကျမည်ဖြစ်ပြီး သနပ်ပင် မြို့မိမြို့ဖတွေနဲ့ ပရဟိတအသင်းတွေက အလှူငွေ သိန်း ၅၀ လှူထားတယ်လို့ သိရပါတယ်။ 

အဆိုပါ အမေရိကန်သူ ဆရာမလေးရဲ့ Facebook account မှာလည်း ပြည်တွင်း သြင်္ကန်ကပွဲ ကထိန်ကပွဲတွေမှာ ပါဝင်ဆင်နွဲနေတာ တွေ့ရပြီး မြန်မာလူမျိုးများစွာရဲ့ အချစ်ကို တပွေ့တပိုက်ကြီး ရရှိထားနိုင်ခဲ့တာတွေ့ရပါတယ်။ သနပ်ပင် နယ်သူနယ်သားတွေနဲ့ မြန်မာပြည်သူပြည်သားတွေက Abby ကို အမြဲသတိရနေမှာပါ။ မကြာမီပြီးဆုံးတော့မယ် သူမရဲ့သင်ကြားမှုနဲ့ အိမ်အပြန်ခရီးမှာ အစစအရာရာအဆင်ပြေဖို့ဆုတောင်းပေးရင်း ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - KYaw Thu Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။