လူတိုင်းအတွက် တစ်နေ့တာမှာ တစ်ကိုယ်ရေ သန့်ရှင်းမှုဆိုသည်မှာ အရမ်းကို အရေးကြီးတဲ့ အခန်းကဏ္ဍ မှာပါဝင်နေပါတယ်။တစ်ကိုယ်ရေသန့်ရှင်းမှုတွေထဲကမှ ကျွန်တော်တို့ နေ့စဉ်လုပ်ဆောင်နေတဲ့ အချက်တစ်ခုဖြစ်တဲ့ ရေချိုးခြင်းနဲ့ပတ်သတ်ပြီး ပရိသတ်တွေမသိသေးတဲ့ အကြောင်းအရာတစ်ချို့ကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ယခုစာဖတ်နေတဲ့ ပရိသတ်တွေထဲမှာ မနက်ပိုင်းကို ရေချိုးရတာကြိုက်တဲ့သူ ဒါမှမဟုတ် မနက်ပိုင်းကိုပဲ ပုံမှန်ရေချိုးနေကြသူတွေအတွက် ရေချိုးတာနဲ့ပတ်သတ်ပြီး လေ့လာတွေ့ရှိချက်တစ်ခုကိုပြောပြချင်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေ အရ ညပိုင်းမှာ ရေချိုးခြင်းက မနက်ပိုင်းမှာရေချိုးခြင်းထက် ပိုပြီး ကျန်းမာရေးကိုအထောက်အကူဖြစ်စေပါတယ်။

ဘာလို့ ညပိုင်းမှာရေချိုးခြင်းကပိုကောင်းရလဲ ဆိုရင်...

(၁) မနက်ပိုင်းမှာ ရေချိုးလေ့ရှိတဲ့ သူတွေက လေ့လာတွေ့ရှိချက်တွေ့အရ မျက်နှာမှာ ဝက်ခြံ ဖြစ်ပွားနိုင်ခြေပိုပြီးတော့များပါတယ်။

(၂) ညဘက်မှာ ရေချိုးခြင်းက ဘက်တီးရီးယား ပိုးမွှားတွေကြောင့် ခန္ဓာကိုယ်မှာ ဖြစ်ပေါ်တတ်တဲ့ ယားယံခြင်းတွေနဲ့ ဓာတ်မတည့်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။

(၃) ညဘက်မှာ ရေချိုးတဲ့သူတွေဟာ စိတ်ကို လန်းဆန်းတက်ကြွစေပြီး ကောင်းမွန်စွာအိပ်စက် အနားယူနိုင်ပါတယ်။

(၄) ညဘက်မှာဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ ဟော်မုန်းတွေက အပြင်ကိုပိုပြီးထွက်လာစေပါတယ် ဒါကြောင့် ညဘက်မှာ ရေချိုးခြင်းက ဟော်မုန်းတွေကို အသစ်ပြန်လည် ဖြစ်ပေါ်စေပြီး ဆံသားကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

(၅) ညဘက်မှာ ရေမချိုးပဲ အိပ်တာများလာတဲ့ အခါ အိပ်ယာပေါ်မှာ ဘက်တီးရီးယားပေါက်ပွားမှုတွေကို မြင်တက်စေပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

(၆) ညဘက်မှာ ခေါင်းလျှော်တဲ့ သူတွေက ဆံသားကို ပိုပြီးတော့ ကျန်းမာကောင်းမွန်စေနိုင်တယ်ဆိုတာကို လေ့လာတွေ့ရှိချက်တွေအရတွေ့ရှိရပါတယ်။

များသောအားဖြင့် နွေရာသီမှာဆိုရင် တစ်နေ့ကို နှစ်ကြိမ် ရေချိုး ကြပေမယ့် ယခုလိုအေးနေတဲ့ ဆောင်းရာသီမှာတော့ တစ်နေ့ကို တစ်ကြိမ်လောက်ပဲ ရေချိုးကြပါတယ်။ ဒါကြောင့် ဘယ်အချိန်ရေချိုးရင် ပိုပြီး ကျန်းမာရေးအတွက်ကောင်းမွန်တယ်ဆိုတာကို ပြောပြပေးခဲ့တာဖြစ်ပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေနော်။

Source:bustle.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။