ပရိတ်သတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ မြင့်မြတ်ကတော့ သဘာဝကျကျ သရုပ်ဆောင်တတ်တဲ့ မင်းသားလို့ ပရိတ်သတ်တွေက လက်ခံထားကြပါတယ်။မြင့်မြတ်က အရင်ကတည်းက ဇာတ်ကားပေါင်းများစွာရဲ့ ကျရာဇာတ်ရုပ်မှာ ပီပြင်အောင် သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်လို့ သူရဲ့ဇာတ်ကားတွေက အောင်မြင်ခဲ့ပါတယ်နော်။အနုပညာသက်တမ်းရင့်လေ သရုပ်ဆောင်ချက်တွေက ပိုပီပြင်လာတဲ့ မြင့်မြတ်ကတော့ ယခုချိန်မှာ ပရိတ်သတ်တွေရဲ့အချစ်ကို တစ်နင့်တစ်ပိုးကြီး ရထားတာဖြစ်ပါတယ်။

မြင့်မြတ်က အေးဆေးတည်ငြိမ်စွာနေတတ်ပြီး ပွင့်လင်းစွာဆက်ဆံတတ်သူမို့ လူချစ်လူခင်ပေါများနေတာပဲဖြစ်ပါတယ်။အခုလည်း ရုပ်ရှင်ဇာတ်ကားတွေ ဗီဒီယိုဇာတ်ကားတွေကို ရိုက်ကူးနေပြီး သူ့ရဲ့ဇာတ်ကားသစ်တွေကိုလည်း ပရိတ်သတ်က အားပေးဖို့အဆင့်ပါပဲနော်။မြင့်မြတ်က ပရိတ်သတ်ကိုလည်း ဦးစားပေးပြီး လေးစားချစ်ခင်သူတစ်ယောက်ဖြစ်လို့ ပရိတ်သတ်တွေရဲ့မေတ္တာကလည်း ရောင်ပြန်ဟပ်လာတာပဲဖြစ်ပါတယ်။မြင့်မြတ်က ယခုဆိုရင်တော့ အရမ်းချစ်ရတဲ့ချစ်သူမိန်းကလေးနဲ့ နှစ်ယောက်တစ်ဘဝကိုတည်ဆောက်လိုက်ပြီး ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ အိမ်ထောင်ရေးလေးတစ်ခုကိုထူထောင်ထားပါတယ်။

အခုဆိုရင် သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ ဘဝလေးထဲကို ချစ်စရာသားသားလေးတစ်ယောက် ဝင်ရောက်ခဲ့ပါပြီနော်။သားလေးကလည်း မြင့်မြတ်နဲ့တစ်ပုံစံတည်းတူလို့ ဂျူနီယာမြင့်မြတ်လေး ဆိုပြီး ချစ်စဖွယ်နာမည်လေးကိုပေးထားပါတယ်။သားသားလေးကို သိပ်ချစ်တဲ့ ဖေဖေမြင့်မြတ်ကတော့ ဘယ်နေရာကိုသွားသွား သားလေးကို ခေါ်သွားချင်နေတာဖြစ်ပါတယ်။အခုဆိုရင် သားလေးကိုမွေးဖွားခဲ့တာ ရက်၁၀၀ ပြည့်ပြီဖြစ်လို့ ဖေဖေမြင့်မြတ်က သားသားရဲ့ ဖြူစင်ပြီးချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို လူမှု့ကွန်ယက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်နော်။

Source:Myat Wai Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။