ပရိတ်သတ်ကြီးရေ ပြည်သူတွေ အရမ်းချစ်ပြီး နှစ်သက်သဘောကျကြတဲ့ နှင်းဆီအဖွဲ့သားတွေကတော့နာမည်ကြီးတဲ့အနုပညာရှင်တွေ ပါဝင်ထားတဲ့ အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။အရမ်းခင်ကြပြီး တက်ညီလက်ညီဖြစ်တဲ့ သူတို့အဖွဲ့က အနုပညာလှုပ်ရှားမှု့တွေကို အမြဲတမ်း ပရိတ်သတ်အတွက် အသစ်အသစ်တွေပေးနေတာပဲ ဖြစ်ပါတယ်။နေတိုး ကျော်ကျော်ဗိုလ် ရဲလေး ထွန်းထွန်း တို့ကလည်း အတွဲညီစွာ ဟာသပြက်လုံးတွေကို ကြိုးစားပမ်းစားလုပ်ဆောင်ကြသူတွေမို့ သူတို့စကားတစ်လုံးကအစ ပရိတ်သတ်တွေကို တဝေါဝေါ နဲ့ ရီအောင် လုပ်နိုင်ပါတယ်နော်။

နှင်းဆီအငြိမ့်တိုင်းမှာ ပါဝင်တဲ့ မင်းသမီး၄လက်ဟာဆိုရင်လည်း သူမတို့ရိုက်ကူးတဲ့ဇာတ်ကားတိုင်းမှာ တိကျပိုင်နိုင်တဲ့ အိုင်တင်တွေနဲ့အတူ ပရိတ်သတ်တွေကို ဖမ်းစားနိုင်ပါတယ်။သူမတို့ ၄ယောက်က သဘင်မင်းသမီးတွေ မဟုတ်ပေမယ့်လည်း သူမတို့ကိုအားပေးတဲ့ ပရိတ်သတ်ကြီးအတွက် ကြိုးစားပမ်းစား သဘင်အကကို ကပြထားပါတယ်နော်။နှင်းဆီအဖွဲ့သားတွေက နှင်းဆီဖောင်ဒေးရှင်းတစ်ခုကိုလည်း တည်ထောင်ထားပြီး လိုအပ်တဲ့နေရာတွေအတွက် ပရဟိတလုပ်နေတာဖြစ်ပါတယ်။

နှင်းဆီအဖွဲ့သားတွေက သူတို့ကခဲ့တဲ့အငြိမ့်တွေဟာ ခေါင်းစဉ်အမျိုးမျိုးနဲ့ပရိတ်သတ်ကိုဖျော်ဖြေခဲ့တာပဲဖြစ်ပါတယ်။သူတို့ရဲ့အငြိမ်တိုင်းကိုလည်း ပရိတ်သတ်တွေကတစ်ခဲနက်အားပေးကြပါတယ်နော်။အခုဆိုရင် နှင်းဆီပဝါခြုံတဲ့လက် ခေါင်းစဉ်နဲ့အငြိမ့်ကို ပထမနေ့ည ကပြပြီးစီးသွားပါပြီနော်။မရိုးနိုင်တဲ့ အသစ်အသစ်ပြက်လုံးတွေနဲ့ ပရိတ်သတ်တွေရဲ့အာရုံကို ဖမ်းစားလိုက်နိုင်ပါပြီနော်။မင်းသမီးလေး၄လက်ကလည်း မနေ့ညက အရမ်းကိုလှနေပြီး ပရိတ်သတ်တွေအတွက် အကောင်းဆုံးဖျော်ဖြေခဲ့ပါတယ်နော်။ 

Source:Moe Yu San/Ma May Kabyar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။