သရုပ်ဆောင် နိုင်းနိုင်းကတော့ အနုပညာအလုပ်တွေကို ငယ်စဉ်အခါတည်းက လုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။နိုင်းနိုင်းက တိကျပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် သူရဲ့ဇာတ်ကားတွေဟာဆိုရင် ပရိတ်သတ်တွေရဲ့ အားပေးခြင်းကို ခံရပါတယ်နော်။နိုင်းနိုင်းရဲ့ ရူပကတော့ အရမ်းဖြောင့်ပြီး ခန့်ညားလွန်းလို့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးပဲဖြစ်ပါတယ်။ 

နိုင်းနိုင်းက ချစ်ရတဲ့မိန်းကလေး စန္ဒီချိုနဲ့ အတူတူ နှစ်ယောက်တစ်ဘဝကို တည်ဆောက်လိုက်ပြီး သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားပါတယ်နော်။နိုင်နိုင်းက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်သာ လုပ်ဆောင်နေပြီ ဇနီးရှိတဲ့နိုင်ငံကို သွားလိုက်ပြန်လိုက်လုပ်နေပါတယ်။အခုဆိုရင်တော့ နိုင်နိုင်းက ချစ်စရာ သားသားမီးမီးလေး ၄ယောက်ကို ပိုင်ဆိုင်ထားပြီး သိုက်သိုက်ဝန်းဝန်းနဲ့ အရမ်းကိုပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။

နိုင်းနိုင်းက ဇနီးသည်နဲ့ကလေး၄ယောက်ကို အရမ်းချစ်လို့ အစစအရာအရာ လိုလေစေ့မရှိအောင် ဂရုစိုက်ပြီး ပံ့ပိုးနေတဲ့ ခင်ပွန်းကောင်း ဖခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။နိုင်နိုင်းက မြန်မာပြည်မှာ အလုပ်တွေရှိရင်လည်း ပြန်လာပြီးလုပ်သလို မိသားစုရှိတဲ့ နိုင်ငံကိုလည်း သွားပြီး နေထိုင်ပါတယ်။အခုဆိုရင် နိုင်နိုင်းက မိသားစုဆီကို ရောက်နေပြီး ရောက်ရှိနေတဲ့အချိန်မှာ မိန်းမနဲ့ကလေးတွေအတွက် အိမ်ရှင်ထီးတစ်ယောက်သဖွယ် ဂရုစိုက်နေတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source:Actor 99

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။