အမေရိကန်နိုင်ငံအတွင်းက မေတ္တာတရားပြည့်ဝလှတဲ့ အမျိုးသမီးယာဉ်မောင်းတစ်ဦးရဲ့ ဗီဒီယိုဖိုင်လေးတစ်ခုဟာ လူမှုကွန်ယက်ပေါ်မှာ တော်တော်လေးလူစိတ်ဝင်စားမှု များပြားနေတာကိုတွေ့ရပါတယ်။

ဒီဗီဒီယိုဖိုင်လေးကတော့ သူမအနေနဲ့ လမ်းမပေါ်မှာ အုပ်ထိန်းသူမပါဘဲ လျှောက်ပြေးနေတဲ့ ကလေးငယ်လေးတစ်ဦးကို ကယ်တင်စောင့်ရှောက်ပေးခဲ့တဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။  

ဒီကလေးငယ်လေး လမ်းမပေါ်မှာ လျှောက်ပြေးနေတဲ့အချိန်မှာ ရာသီဥတု အပူချိန်က ရေခဲမှတ်အောက်ထိအောက်ပြီး အရမ်းအေးစက်နေခဲ့တာပဲဖြစ်ပါတယ်။

သူမသာ မကယ်တင်ခဲ့လို့ရှိရင် ဒီကလေးငယ်လေးဟာ အအေးလွန်ပြီး အသက်သေဆုံးသွားနိုင်တဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့သွားနိုင်လောက်ပါတယ်။

ကလေးငယ်လေးကို ၎င်းဘတ်စ်ကားယဉ်မောင်း အမျိုးသမီး ခေါ်ဆောင်လာခဲ့တဲ့အချိန်မှာဆိုရင်လည်း ကလေးငယ်လေးရဲ့ ခန္ဓာကိုယ်ဟာ ရေခဲတုံးတလုံးလို အေးစက်နေခဲ့ပါတယ်။ 

ဒီအတိုင်းမသိသလိုလေးနေပြီး ကျော်သွားလို့ရပေမယ့် မိခင်စိတ်အပြည့်အဝရှိတဲ့ မိန်းကလေးတစ်ဦးရဲ့ စိတ်ထားလေးကို ပိုင်ဆိုင်ထားတဲ့ ဒီအမျိုးသမီးရဲ့ လုပ်ရပ်လေးကတော့ လူအများကို ကြည်နူးမှုတွေလည်း ပေးစွမ်းနိုင်ခဲ့သလို ကလေးငယ်လေးရဲ့ မိဘတွေရဲ့ရင်ထဲက အပူတွေကိုလည်း ချေဖျက်ပေးနိုင်ခဲ့ပါတယ်။

နောက်ဆုံးမှာ ကလေးငယ်လေးဟာ သူ့ရဲ့မိဘတွေထံကို ပြန်လည်ရောက်ရှိသွားခဲ့သလို

လူမှုကွန်ယက်ပေါ်မှာဆိုရင်လည်း လူတော်တော်များများဟာ သူမရဲ့ လူသားချင်းစာနာမှု မေတ္တာတရားရှိမှုတွေကို ချီးမွမ်းပြောဆိုနေပြီး ဒီဗီဒီယိုလေးကို sharing လုပ်နေကြတာတွေ့ရပါတယ်။

source - Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။