နှစ်ရက်ခြားတစ်ခါလောက် ခေါင်းလျှော်ပေမယ့် ဆံပင်က အမြဲစေးကပ်ပြီး အဆီပြန်နေရင်တော့ သင့်မှာ အဆီပြန်တဲ့ ဦးရေပြားရှိနေတာ သေချာနေပါပြီ။ ဒါကိုကာကွယ်ဖို့အတွက် နည်းလမ်းကောင်း။

ဦးရေပြားအဆီပြန်တယ်ဆိုတာ ဘာလဲ။ဘာကြောင့်ဖြစ်ရသလဲ။

ဦးရေပြားက အဆီဆိုတာ ဆံသားတွေ ကျန်းမာဖို့ သဘာဝအတိုင်းစစ်ထုတ်ပေးထားတဲ့ အဆီတွေပါ။ဒါပေမယ့် လိုတာထက်ပိုပြီး ဆံပင်အဆီထွက်တာက ဦးရေပြားရဲ့ အဆီဂလန်းတွေကနေ ထုတ်လုပ်လိုက်တဲ့ Sebum နဲ့ သဘာဝအဆီတွေ ပိုလျှံမှုကြောင့်ဖြစ်တာပါ။များသောအားဖြင့် ဦးရေပြားပေါ်က Sebum ပါဝင်မှုဟာ အရေပြားကနေ အဆီ လျော့နည်းခြင်းနဲ့ မြန်မြန်ခြောက်ခြင်းကို ထိန်းသိမ်းပေးနိုင်ပါတယ်။ဒါပေမယ့် Sebumတွေ များလာတာက ဦးရေပြားနဲ့ ဆံပင်ကို အဆီထွက်စေပြီး ဗောက်တွေကို  ဖြစ်ပေါ်စေပါတယ်။ဦးရေပြားအဆီပြန်တာက ဆယ်ကျော်သက်တွေမှာ အများဆုံးတွေ့ရလေ့ရှိပြီး  ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန်ဆောင်နေစဉ် ဟော်မုန်းမညီမျှတဲ့အခါမှာလည်း ဖြစ်နိုင်ပါတယ်။မျိုးရိုးဗီဇ၊ဟော်မုန်းမညီမျှမှု၊အစားအသောက်နဲ့နေထိုင်မှုပုံစံတွေနဲ့လည်း သက်ဆိုင်ပါတယ်။ဒါ့အပြင်ခေါင်းလျှော်ရည်မပြောင်တာ၊နောက်ကျမှအိပ်တာ၊စိတ်ဖိစီးမှုများတာတွေကြောင့်လည်း ဦးရေပြားအဆီပြန်တတ်ပါတယ်။

ဦးရေပြားနဲ့ ဆံသားကို ဘယ်လို ထိန်းသိမ်းရမလဲ

သင့်တော်တဲ့ Shampooတွေနဲ့ ခေါင်းလျှော်ပါ။ ခရင်မ်အရမ်းဆန်တဲ့ ခေါင်းလျှော်ရည်တွေကို ရှောင်ပါ။ခေါင်းလျှော်ရည်ပြောင်းပါ။တစ်ခါတလေမှာ က်ိုယ်သုံးနေတာနဲ့ ကိုယ်ဦးရေပြားနဲ့ မကိုက်ညီ မသင့်တော်တာတွေ ဖြစ်တတ်ပါတယ်။ကိုယ့်ဦးရေပြားက အဆီပြန်တတ်ပေမယ့် အစိုဓာတ်ဖြည့်ပေးတဲ့ ခေါင်းလျှော်ရည်မျိုးသုံးမိနေပြီဆိုရင် လွှင့်သာပစ်လိုက်ပါ။ဒါတွေက ဆံပင်ရဲ့ ဝိတ်ကို အောက်ကျသွားစေပြီး သင့်ဆံပင်ကို ပိုပြီး ဆိုးရွားစေပါတယ်။

ညဘက်ပိုင်းထက် နေ့ဘက်ပိုင်းတွေမှာ ခေါင်းလျှော်ပါ။ဘာကြောင့်လဲဆိုတော့ အဆီဂလန်းတွေက ဦးရေပြားကို ညဘက်မှာ ပိုပြီး လှုံ့ဆော်နိုင်လို့ပါ။ခေါင်းလျှော်တဲ့အခါမှာလည်း  ဦးရေပြားကို နှံ့စပ်အောင် နှိပ်နယ်ပါ။မိနစ် ၃၀ လောက် အသာအယာ နှိပ်ပေးခြင်းကနေ ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်ပြီး ချွေးပေါက်တွေ ပွင့်စေလို့ ဆံသားပိုကောင်းစေပါတယ်။ ရေပူက Sebum ထုတ်လုပ်မှုကို လှုံ့ဆော်ပေးနိုင်လို့ ရေနွေးနွေးလေးပဲ သုံးပါ။

ပေါင်းဆေး၊ပျော့ဆေးတွေ အများကြီးမသုံးပါနဲ့။အဆီပြန်တဲ့ဆံသားတွေက ခြောက်သွေ့တဲ့ဆံသားတွေလောက် ပေါင်းဆေးတွေ၊ပျော့ဆေးတွေ မလိုအပ်ပါဘူး။ပေါင်းဆေး၊ပျော့ဆေးသုံးတာ နည်းလေကောင်းလေပါပဲ။ ဦးရေပြားအတွက် တိုနာသုံးပေးပါ။

ရေပူနဲ့ ခေါင်းလျှော်တာ၊Hair Dryer မကြာခဏသုံးတာတွေ ရှောင်ကြဉ်သင့်ပြီး တင်းကျပ်လွန်းတဲ့ ကျစ်ဆံမြီးတွေကျစ်တာ၊ ဦးထုပ်ကို ခပ်ကျပ်ကျပ် ဆောင်းတာမျိုးတွေလည်း သတိထားသင့်ပါတယ်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။