မြန်မာ့လက်ရွေးစင်အသင်းရဲ့အဓိကကစားသမားတစ်ယောက်ဖြစ်တဲ့အောင်သူကတော့ ဒီနှစ်ဘောလုံးရာသီမှာတော့ထိုင်းပရီးမီးယားလိဒ် ထိပ်သီးကလပ်မြောင်တောင်ယူနိုက်တက်အသင်းမှာယှဉ်ပြိုင်ကစားတော့မှာဖြစ်ပါတယ်.အောင်သူကိုခေါ်ယူမယ့်အသင်းတွေများခဲ့ပေမယ့် နောက်ဆုံးမှာမြောင်တောင်ယူနိုင်တက်အသင်းကိုပြောင်းရွေ့ခဲ့တာဖြစ်ပါတယ်။

အောင်သူကတော့မနှစ်ကထိုင်းပရီးမီးယားလိဒ်ကလပ်Police Tero အသင်းမှာကစားခဲ့ဘူးပြီး ခြေစွမ်းပြဂိုးတွေသွင်းယူနိုင်တာကြောင့် ထိုင်းပရိသတ်တွေအချစ်တော်ဖြစ်ခဲ့ရတာပါ။ထိုင်းပရီးမီးယားလိဒ်ပြိုင်ပွဲကတော့ဖေဖော်ဝါရီလမှာကျင်းပမှာဖြစ်တာကြောင့် အသင်းတိုင်းကတော့ရာသီကြိုခြေစမ်းပွဲတွေနဲ့ လေ့ကျင့်ခန်းအစီစဉ်တွေကိုလုပ်ဆောင်နေကြတာပါ။

အောင်သူကလည်းမြောင်တောင်ယူနိုက်တက်အသင်းနဲ့တူတူလေ့ကျင့်ခန်းအစီစဉ်တွေမှာပါဝင်ပြီးခြေစွမ်းတွေပြခဲ့ပါတယ်။အောင်သူကတော့မြောင်တောင်ယူနိက်တက်အသင်းရဲ့ Training Matchပွဲစဉ်မှာ ခြေစွမ်းပပြီးတစ်ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။အသင်းရဲ့Training Matchဖြစ်ပေမယ့်လည်း ရာသီမစခင်တည်းကအောင်သူရဲ့ဂိုးသွင်းစွမ်းရည်တွေကိုပြနိုင်ခဲ့တာပါ။လာမည့်ရက်ပိုင်းအတွင်းမှာလည်း မြန်မာအသင်းတိုက်စစ်မှုးဖြစ်တဲ့သန်းထက်အောင်ကန်နေတဲ့အသင်းနဲ့ခြေစမ်းဖို့ရှိတာကြောင့် ပရိသတ်တွေအောင်သူရဲ့ခြေစွမ်းတွေကို အားပေးကြပါဦးနော်။

SOURCE:…SCG Muangthong Myanmar Fan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။