၁၉၈၀ အစောပိုင်းကိုသွားတဲ့အခါမှာတော့ Jacques Perrot ဆိုတဲ့သူဟာ ပဲရစ်က လူသိများတဲ့ရှေ့နေတစ်ယောက်ဖြစ်ကာ Laurent Fabius နဲ့လည်းသူငယ်ချင်းဖြစ်ပါတယ်။ သူရဲ့မိန်းမကတော့ Darie Boutboul ပဲဖြစ်ပြီး သူမဟာ celebrity တစ်ယောက်ဖြစ်ပါတယ်။ သူမအမေ Elisabeth Cons-Boutboul ကလဲရှေ့နေတစ်ယောက်ပါ....သူမအဖေ Robert Boutboul ကတော့ သူမကိုယ်ဝန်ရှိနေချိန်မှာပဲ စိတ်မကောင်းစွာ သေဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ Perrot ဟာသူ့စိတ်ထဲမှာ တစ်ခုခုကို ထောက်မိနေခဲ့ပါတယ်။ ဒီမိသားစုမှာ ကြီးမှာတဲ့ အကောင်းမဟုတ်တဲ့ အဆိုးလျှို့ဝှက်ချက်တစ်ခုရှိရမယ်ဆိုပြီးတော့ပေါ့။

Perrot ဟာယောကျ်ားကောင်းတစ်ယောက်မဟုတ်ပါဘူး......သူဟာ အိမ်သူအိမ်သားတွေရဲ့ စိတ်ဆန္ဒကိုချိုးဖောက်ပြီး catholic အဖွဲ့အစည်းတစ်ခုရဲ့ အလုပ်တွေကို လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Perrot ဟာဘာကိုဘာမှန်မသိပဲ ကြောက်လန့်နေခဲ့ပါတယ်။ သူမိန်းမဆိမှာလဲ သူရဲ့၃နှစ်အရွယ်သားလေးရှိပါတယ်။ တစ်ရက်မှာ သူဟာသူ့သူငယ်ချင်ကို သူသေရင်ခွဲစိတ်ဖို့ အတင်းအကျပ်တောင်းဆိုခဲ့ပါတယ်။ အဲ့ရက်ပြီးနောက်တစ်နေ့မှာတော့ သူဟာ သူရဲ့ယောက္ခမနဲ့တွေ့ဖို့လာတဲ့လမ်းမှာ သူဟာ ခေါင်းကိုနှစ်ချက်နဲ့ နှလုံးကိုတစ်ချက် အပစ်ခံရကာ သေခဲ့ပါတယ်။အဲ့လိုသေဆုံးမှုနဲ့ပတ်သတ်ပြီး ရဲတွေက ၁၉၈၉ ထိဘာမှမရခဲ့ပါဘူး....။

အဲ့ခုနှစ်ရောက်တဲ့ချိန်မှာတော့ ကြေးစားလူသတ်သမားရဲ့ စာအုပ်ကိုရရှိခဲ့ကာ အဲ့ထဲမှာ Perrot ရဲ့ယောက္ခမဖြစ်သူနဲ့ပတ်သတ်သမျှကိုရေးထားကာ သူဘယ်လောက်ထိတ်လန့်ခဲ့လဲဆိုတာ စာအုပ်ဖတ်တဲ့ချိန်မှာ သိခဲ့ရပါတယ်။ အဲ့အပြင် Elisabeth Cons-Boutboul ယောကျ်ားဖြစ်သူ Robert Boutboul ကလဲမသေဆုံးသေးပါဘူး။ Elisabeth Cons-Boutboul ကဘာလို့ Perrot ကိုသတ်လဲဆိုတော့ သူရဲ့နောက်ကြောင်းတွေကို သိသွားခဲ့လို့ပါပဲ။ သူဟာ လိမ်းခဲ့တဲ့ကိစ္စတွေအများကြီးပါပဲ....။ အာ့တွေကိုသိသွားတဲ့ အတွက် သူအနှစ်၅၀ထိန်းထားတဲ့ လျှို့ဝှက်ချက်တွေပေါ်မှာဆိုးတော့ကြောင့် သတ်လိုက်ခြင်းပဲဖြစ်ပါတယ်။ အဲ့ထက်ဆိုးတာက သူဟာ ထောင်ထဲမှာ တစ်ရက်တောင်မနေခဲ့ရပါဘူး။ သူရဲ့လိမ်လည်မှုအောက်မှာ တရားသူကြီး အရှုံးပေးခဲ့ရလို့ပါ...။ သူပြောခဲ့တာက သူမမှာနှလုံးရောဂါရှိတယ်ဆိုပြီပဲ လိမ်ခဲ့တာပါ။

Source : Cracked 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။