ပရိသတ်ကြီးကို ဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ သတ္တုစားတဲ့သူအဖြစ်နာမည်ကျော်ကြားတဲ့ Michel Lotito ဆိုသူဖြစ်ပါတယ်။ ထိုသူက ပြင်သစ်နိုင်ငံသားဖြစ်ပြီး “Monsieur Mangetout" ဆိုတဲ့နာမည်ဖြင့်လူသိများတာဖြစ်တာပါတယ်။ ထိုသူက စက်ဘီးအစရှိတဲ့ ပစ္စည်းတွေကို စားသုံးတာဖြစ်ပြီး ဖန်၊သတ္တု၊ရာဘာ၊သံထည် အစရှိတာတွေကိုချေဖျက်နိုင်တဲ့ အစာအိမ်စွမ်းအားကြီးမားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ 

သူစားသုံးခဲ့တဲ့ ဟင်းလျာပစ္စည်းတွေထဲမှာ "Cessna 150" လေယာဉ်ပျံမှသတ္တုအရာအားလုံးကိုစားသုံးပြခဲ့တာပဲဖြစ်ပါတယ်။ ၁၉၅၉ နှင့်၁၉၉၇ ကြားသူစားသုံးပြသခဲ့တဲ့ သတ္တု အားလုံးပေါင်းမှာ ခန့်မှန်းခြေ ၉တန်ချိန် လောက်ရှိတာပဲဖြစ်ပါတယ်။ တစ်ကယ့်ကို ထူးခြားဆန်းပြားပြီးကြောက်စရာကောင်းတဲ့ စာသုံးမှုကြီးပဲဖြစ်ပါတယ်နော်။

Lotito သည် ဖန်၊ သတ္တုကဲ့သို့သောအရာများကို စားချင်စိတ်ကိုဖြစ်ပေါ်စေတဲ့ ဆေးဘက်ဆိုင်ရာအခြေအနေဖြစ်သော ဝေဒနာရောဂါကိုခံစားခဲ့ရတာဖြစ်ပါတယ်။ ထိုသူရဲ့ ရောဂါက သူ့စွမ်းရည်အဖြစ်ပြောင်းလဲသွားစေပြီး ဂင်းနစ်မှတ်တမ်းတင်စာအုပ်ကချီးမြှင့်ခံခဲ့ရတဲ့ ကြေးဝါဆုတံဆိပ်ကိုပိုင်ဆိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ကမ္ဘာတစ်လွှားကထူးခြားအံ့သြဖွယ်ရာသတင်းထူးများကို ဗဟုသုတရဖွယ် သိမှတ်စရာ သတင်းတစ်ခုအနေနဲ့ မျှဝေပေးလိုက်ပါတယ်နော်။

source Guinness World Records

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။