ပရိသတ်ကြီးရေ.. ဝေဠုကျော်ရဲ့ ရည်စားဟောင်းဖြစ်တဲ့ မော်လ်ဒယ်သရုပ်ဆောင် သင်းသင်းကိုတော့ ပရိသတ်ကြီးများ သိကြလိမ့်မယ်လို့ ထင်ပါတယ်နော်..။

မော်လ်ဒယ်သင်းသင်းဟာ ပရဟိတမင်းသားတစ်ဖြစ်လှည့် အကယ်ဒမီသရုပ်ဆောင် မင်းသားတစ်ဦးလည်းဖြစ်တဲ့ ဝေဠုကျော်က သူမကို ကာမလိမ်လည်ခဲ့တယ်ဆိုတဲ့ ကိစ္စတွေနဲ့ ပက်သက်ပြီး လူသိများလာခဲ့တာပဲ ဖြစ်ပါတယ်..။

တဖြည်းဖြည်း ပရိသတ်တွေ လူသိများလာတဲ့ သင်းသင်းကတော့ လူမှုကွန်ယက်မှာ အသုံးပြုသူများပြားနေတဲ့ Tik Tok ဗီဒီယိုလေးတွေလည်း ရိုက်ကူးထားဆော့ကစားထားတာ တွေ့ရပြီး သူမရဲ့ Tik Tok ဗီဒီယိုလေးကိုလည်း မျှဝေထားပါသေးတယ်..။

ဟန်ပန်အမူအရာအပြည့်နဲ့ သရုပ်ဆောင်ရိုက်ကူးထားတဲ့ သူမရဲ့ Tik Tok ဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေကြား ရေပန်းစားနေပြီး ကြည့်ရှု့သူများပြားနေတာလည်း တွေ့ရပါတယ်..။

ဝေဠုကျော်နဲ့ မော်လ်ဒယ်သင်းသင်းတို့ကတော့ ချစ်သူသက်တမ်း(၈)လကြာ လက်တွဲခဲ့ကြပြီး လမ်းခွဲပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ဇန်နဝါရီ(၈)ရက်နေ့က ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ဝေဠုကျော်အား ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုဖို့ ဦးတိုက်လျှောက်ထားခဲ့ပါသေးတယ်..။

လတ်တလောမှာတော့ ကြည့်ရှု့သူများပြားနေတဲ့ အလှမယ်ဟောင်း မော်လ်ဒယ်သင်းသင်းရဲ့ Tik Tok ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - သင်းသင်း

Video - Pyae Sone Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။