ဒီဖြစ်ရပ်လေးကတော့ လူမဆန်တဲ့လူတွေရဲ့လုပ်ရပ်ကြောင့် အပြစ်မရှိဘဲ သေဆုံးခဲ့ရတဲ့ ခွေးလေးတစ်ကောင်ရဲ့အဖြစ်အပျက်လေးပဲဖြစ်ပါတယ်။

ဒီခွေးလေးဟာ အင်ဒိုနီးရှားနိုင်ငံ့ Achy Wijaya လို့ခေါ်တဲ့ အမျိုးသားတစ်ယောက်ရဲ့ခွေးလေးပဲဖြစ်ပါတယ်။  

ဒီခွေးလေးသေဆုံးခဲ့ရပုံကတော့ တညမှာ Achy ကိုသူခိုးတွေ ဖောက်ထွင်းဝင်ရောက်လာတာကြောင့် ခွေးလေးဟာ သခင်နိုးအောင် မရပ်မနား ဟောင်နေခဲ့ပါတယ်။

သို့ပေမယ့် Achy ရဲ့မိသားစုဟာ အရင်ညတွေတုန်းကလိုပဲ ဒီခွေးလေးဟာ ကြောင်တစ်ကောင်နဲ့ရန်ဖြစ်ပြီး ဟောင်နေတယ်ထင်ပြီး လုံးဝထမကြည့်ဘဲ ဆက်အိပ်နေခဲ့ကြပါတယ်။

သူတို့အိပ်မောမကြခင်မှာ သူခိုးတွေကျွေးလိုက်တဲ့ အဆိပ်ကြောင့် ခွေးလေးရဲ့ဟောင်သံ ရုတ်တရက်ရပ်တံသွားတာကို သတိထားမိလိုက်ပေမယ့် သူတို့မိသားစုဟာ ထမကြည့်ဖြစ်ဘဲ အိပ်ပျော်သွားခဲ့ကြပါတယ်။

မနက်မိုးလင်းတာတဲ့အခါမှာဆိုရင်တော့ Achy တို့မိသားစုဟာ အသက်ဆန့်ငင်ဆန့်ငင်ဖြစ်နေတဲ့ ခွေးလေးကို တွေ့ရှိခဲ့ရတာကြောင့် အင်မတန်ဝမ်းနည်းခဲ့ကြပြီး ခွေးလေးကို ခွေးအဆိပ်သင့်တာပျောက်စေမယ့် နည်းလမ်းမျိုးစုံနဲ့ အသက်ကယ်ဖို့ကြိုးစားခဲ့ပေမယ့် ခွေးလေးဟာသေဆုံးသွားခဲ့ရပါတယ်။

မသေဆုံးခင်မှာဆိုရင်လည်း ခွေးလေးဟာ မျက်ဝန်းအိမ်ထဲက မျည်ရည်တွေစီးကျနေခဲ့သလို သူသေဆုံးတော့မှာကိုသိနေတဲ့အတွက် ဝမ်းနည်းနေတဲ့ပုံရိပ်လေးတွေက အင်မတန်ကြေကွဲစရာကောင်းလှပါတယ်။

သူချစ်ခင်ရတဲ့ မိသားစုလေးတစ်ခုကို ခွဲခွာသွားရတော့မယ်ဆိုတာကိုသိနေတဲ့အခါ တိရိစ္ဆာန်ဖြစ်တဲ့ ခွေးလေးတောင် မျက်ရည်ကျနေတဲ့အဖြစ်အပျက်လေးကတော့ တွေးရင်းတွေးရင်းနဲ့ကို ကြေကွဲစရာကောင်းလှပါတယ်။

source -  Elite Readers

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။