ပရိသတ်အချစ်တော် မင်းသမီးချောလေး ဘေဘီမောင်ကိုပရိသတ်ကြီးအနနဲ့သိကြမယ်ထင်ပါတယ်။ သူမကတော့ အောင်မြင်တဲ့အနုပညာရှင် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုလည်းပါဝင်ရိုက်ကူးထားတာဖြစ်ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်ဟာ အချိုးအစားပြေပြစ်လှပတာဖြစ်ပြီး အမြဲဖက်ရှင်အလန်းတွေနဲ့ ဆွဲဆောင်မှုရှိတာကြောင့် ပရိသတ်အားပေးမှု များစွာရယူပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။  

အချစ်ရေးနဲ့ ပက်သက်ပြီး ပရိသတ်တွေစိတ်ဝင်စားခြင်းခံနေရတဲ့ သူမကတော့ လတ်တလောမှာလည်း သားဂန်းနဲ့ အတူ သာယာတဲ့ချစ်သူဘဝလေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ အခုလက်တလောမှာ ပရိသတ်တို့အားကျရတဲ့ စုံတွဲလေးဖြစ်လို့နေပါတယ်။ လိုက်ဖက်ညီလွန်းလှတဲ့သူတို့စုံတွဲဟာဆိုရင် သားဂန်းက အငယ်ဖြစ်ပေမယ့် ဘေဘီမောင့်ကို အလိုလိုက်အကြိုက်ဆောင်နေတာကိုပရိသတ်တု့ိအနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။

ဘေဘီမောင်ဟာဆိုရင် သူမရဲ့ အလှပုံရိပ်တွေကို လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ facebook စာမျက်နှာပေါ်တွင် အမြဲတင်လေ့ရှိတာဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း သူမပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားထဲက ပုံရိပ်တွေကို အမှတ်တရတွေနဲ့ ဖော်ပြထားတာကို ပရိသတ်ကြီးအနေနဲ့ ရင်သတ်ရှုမောဖွယ်ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။ သူမနဲ့အတူ ပရိသတ်အချစ်တော်မင်းသားချောဖြစ်တဲ့ အောင်ရဲလင်း၊ ကိုခင်လှိုင်နဲ့ အတူ ရိုက်ကွင်းပေါ်က အမှတ်တရပုံတွေကို "အရမ်းညစ်ပတ်တဲ့အကြော်သယ်မလေး ဟီး အဲ့ကားရိုက်တုန်းက ကိုယ့်ကိုကိုယ်တောင်ရွှံတယ်ဟီး" ဆိုပြီးဖော်ပြထားတာဖြစ်ပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

source Baby Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။