ချစ်ပရိသတ်ကြီးရေ MRTV-4 မင်းသမီးလေးချောလေးတစ်ဦးဖြစ်တဲ့ မေမြင့်မိုရ် ကိုအထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်။ မြန်မာအမျိုးသမီးဆန်ဆန် အရမ်းကိုကျက်သရေရှိ ချစ်ဖို့ကောင်းတာဖြစ်ပြီး သရုပ်ဆောင်ကောင်းတာကြောင့်အချိန်တိုအတွင်းမှာတင် ရေပန်းစားလူကြိုက်များလာတာဖြစ်ပါတယ်။ သူရယ်လိုက်ပြီဆို ယောကျာ်းလေးပရိသတ်တွေရဲ့ အိပ်ပျော်နေတဲ့ နှလုံးသားကို လှုပ်နှိုးလိုက်သလိုပဲ ဖြစ်သွားစေတဲ့ ဆွဲဆောင်မှုရှိရှိ အပြုံးပိုင်ရှင်ပဲဖြစ်ပါတယ်။

သူမဟာဆိုရင် ရိုးရိုးယဉ်ယဉ် မြန်မာအင်္ကျီလေးတွေကို အများဆုံး ဝတ်ဆင်တာပဲဖြစ်ပါတယ်။ ဘာဝတ်ဝတ်လိုက်ဖက်တဲ့သူမဟာဆိုရင် အမြဲတမ်းကြည့်ကောင်းနေတာပဲဖြစ်ပါတယ်။ ဘာသာရေးလုပ်ငန်းတွေ၊ပရဟိတ လုပ်ငန်းတွေကို စိတ်ရင်းစေတနာအမှန်နဲ့ လုပ်ဆောင်နေတာကို မုဒိတာပွားဖွယ် ရှုမြင်ခဲ့ရမှာလည်းဖြစ်ပါတယ်။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ "အရိပ်"ရုပ်သံဇာတ်လမ်းတွဲနဲ့ "ပုဂံမြို့သူ"ရုပ်သံဇာတ်လမ်းတွဲ မှာခေါင်းဆောင်မင်းသမီးနေရာကနေ သဘာဝကျကျသရုပ်ဆောင်ထားတဲ့အတွက်ကြောင့် ပရိသတ်များရဲ့ တစ်ခဲနက်အားပေးမှုကို လက်ခံရရှိခဲ့တာပဲဖြစ်ပါတယ်။

စိတ်သဘောထားကောင်းသူ ဖြစ်ပြီး၊ လူတိုင်းအပေါ်မခွဲခြားဘဲဆက်ဆံတက်တဲ့ သူမရဲ့ စိတ်နှလုံးသားဖြူစင်မှုကြောင့် ယောကျာ်းပရိသတ်က ဝန်းရံအားပေးတာတင်မဟုတ်ဘဲ မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်အားပေးလျက်ရှိနေတာပဲဖြစ်ပါတယ်။ ခရီးသွား ဝါသနာပါတဲ့သူမဟာဆိုရင် မိသားစုနဲ့အတူ ပြင်ဦးလွင် မေမြို့သို့ အပန်းဖြေခရီးသွားနေတာပဲဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ လှုပ်ရှားမှုတွေအား အမြဲဖော်ပြပေးနေတာကို ပရိသတ်ကြီးတို့အနေနဲ့ ဝမ်းသာဖွယ်တွေ့မြင်ရမှာပါ။ အခုတစ်ခါမှာဆိုရင်လည်း "ပျော်နေဖို့ အရေးကြီးတာပါ" ဆိုတဲ့စာသားလေးနဲ့အတူ ခရီးသွားအလှပုံရိပ်လေးတွေကို ဖော်ပြပေးထားဖြစ်ပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

source May Myint Mo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။