ယနေ့ခေတ်ကာလမှာတော့ ဗီဒီယိုဂိမ်းတွေဟာ ကလေးငယ်လေးတွေသာမက လူကြီးတွေတော်တော်များများကပါ ပိုပြီးဆော့ကစားလာခဲ့ကြပါတယ်။
ဂိမ်းတွေကိုတော့ တချို့တွေက စိတ်အပန်းဖြေဖို့အတွက် ဆော့ကစားကြပေမယ့် တချို့သောသူတွေကတော့ မဂိမ်းကိုအရူးအမူးစွဲလမ်းသွားပြီး ထမင်းမေ့ ဟင်းမေ့ဖြစ်ရုံသာမက မိသားစုဝင်တွေကို အာရုံထဲကထုန်ပြစ်ပြီး အချိန်ပြည့် ဂိမ်းမှဂိမ်းပဲဖြစ်နေတတ်ကြပါတယ်။
ထိုသို့သောသူတွေထဲက အချိန်ပြည့်ဂိမ်းမှဂိမ်းပဲဖြစ်နေတဲ့ တရုတ်နိုင်ငံက ဇနီးမောင်နှံနှစ်ဦးဟာဆိုရင်လည်း ဂိမ်းဆော့ဖို့အတွက် မလုပ်သင့်တဲ့လုပ်ရပ်တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။
သူတို့ပြုလုပ်ခဲ့တာကတော့ သူတို့လင်မယားဂိမ်းဆော့ဖို့အတွက် ဂိမ်းဖိုးငွေလိုတာကြောင့် သားသမီးသုံးယောက်လုံးကို ရောင်းစားခဲ့ကြပါတယ်။
သူတို့ဟာ ပထမဆုံးကလေးနဲ့ တတိယမြောက်ကလေး နှစ်ယောက်ပေါင်းကိုတော့ ဒေါ်လာ ၄၆၀၀ နဲ့ရောင်းစားခဲ့ကြပြီး ဒုတိယမြောက်ကလေးကိုတော့ ဒေါ်လာ ၅၀၀ နဲ့ရောင်းစားခဲ့ကြတာပဲဖြစ်ပါတယ်။
သူတို့ရဲ့လုပ်ရပ်ကို မနှစ်မြို့တဲ့ လူတစ်ချို့က ကလေးတွေကို ဘာလို့ရောင်းစားတာလဲဆိုမေးလာတဲ့အခါမှာဆိုရင်လည်း သူတို့လင်မယားဟာ ကလေးတွေကို ကြီးပြင်းတဲ့ထိ မစောင့်ရှောက်ချင်ဘူး ပိုက်ဆံလိုချင်လို့ သာ မွေးထားတာဖြစ်တယ်လို့ ပြန်လည်းဖြေကြားခဲ့ကြောင်းသိရပါတယ်။
တချို့သောသူတွေဟာဆိုရင်လည်း ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ရဲ့အသွေးအသားတွေကနေ ဖြစ်တည်လာတဲ့ သားသမီးသုံးယောက်လုံးကို ဂိမ်းဖိုးငွေရဖို့အတွက်နဲ့ ရောင်းစားရက်ခဲ့တဲ့ သူတို့လင်မယားနှစ်ယောက်ရဲ့လုပ်ရပ်ကတော့ ပြောမပြတတ်လောက်အောင်ကို ရွံစရာကောင်းတယ်လို့ ပြောကြားနေကြပါတယ်။
source _ Elite Readers
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။