ကမ္ဘာ့သမိုင်းတွေမှာ ဂန္တဝင်ထူးဆန်တဲ့ သတ္တဝါတွေရှိကြပါတယ်....သူတို့တွေက သတ္တဝါတင်မဟုတ်ပါဘူး....ထူးဆန်တဲ့ကိုယ်ပိုင်စွမ်းအင်တွေလဲရှိပါတယ်။ နဂါးတို့ ခေါင်းသုံးလုံးခွေးတို့ သမန်းဝံပုလွေတို့ အစရှိသဖြင့် ဂန္တဝင် သတ္တဝါတွေရှိကြပါတယ်။ ဂရိသမိုင်းလောက်တော့ ဘယ်သမိုင်းမှ ဂန္တဝင် သတ္တဝါတွေ မများလောက်ပါဘူး။ သူတို့တွေရဲ့သမိုင်းကို အဲ့သတ္တဝါတွေက အုပ်စိုးထားသလားမှတ်ရတယ်။ ဂရိနတ်ဘုရားတွေလဲ တော်တော်ကို ကမ္ဘာပေါ်မှာ နေရာယူကြပါတယ်။ အဲ့လိုသတ္တဝါတွေထဲကမှ တချို့သော သတ္တဝါတွေကတော့ Python, Orthrus, Ichthyocentaurs, Scylla နဲ့ Typhon တိုပဲဖြစ်ကြပါတယ်။  

Python လိုခေါ်တဲ့ သတ္တဝါရဲ့ပုံစံကတော့ မြွေနဂါးနဲ့ခပ်ဆင်ဆင်ပဲဖစ်ကာ အဲ့သတ္တဝါဟာ Delphic လိုခေါ်တဲ့ ရှေးခေတ်ဂရိနိုင်ငံရဲ့ နတ်ကွန်းကို ပိုင်ဆိုင်တဲ့ သတ္တဝါပါ။ ကံဆိုးစွာပဲ Python ဟာ Apollos ရဲ့ကလဲ့စားချေခြင်းကိုခံရပြီး အသတ်ခံရကာ အဲ့နတ်ကွန်ူကို Apollos ဟာသိမ်းယူလိုက်ပါတယ်။ Orthus ကတော့ ခေါင်းနှစ်လုံးပါတဲ့ခွေးဖြစ်ပြီး သူဟာ အနီရောင် ကျွဲနွားတိရစ္ဆာန်အုပ်ကို ကာကွယ်ပေးရတဲ့ သတ္တဝါဖြစ်ပါတယ်။ ဒါပေမဲ့သူဟာ Heracles ရဲ့သတ်ခြင်းကိုခံရပြီး Heraclesဟာ အောင်မြင်မှုအနေနဲ့ အဲတိရစ္ဆာန်အုပ်ကို အပိုင်းသိမ်းခဲ့ပါတယ်။ တချို့တွေကတော့ Orthus ဟာ တခြားသော monster တွေရဲ့အဖေဖြစ်ကာ အဲ့ထဲမှာ Sphinx နဲ့ Chimera တို့လဲပါဝင်ပါတယ်။

အပေါ်ပိုင်းက လူခန္ဓာကိုယ် အလယ်ပိုင်းကတော့ မြင်းခြေထောက်နဲ့ အောက်မှာတော့ ငါးအမြီးနဲ့ သတ္တဝါကတော့ Ichthyocentaurs ပဲဖြစ်ကာ ရေနတ်ဘုရားတစ်ယောက်ဖြစ်ပါတယ်။ သူဟာဆိုရင်တော့ မိန်ရာသီဖွားရဲ့ ရုပ်ပဲဖြစ်ပါတယ်။ Scylla ကတော့ monster တစ်ကောင်ဖြစ်ကာ ပုံစံကတော့ လူကိုယ်နဲ့ ရေတစ်ပိုင်း ကုန်တစ်ပိုင်းသတ္တဝါဖြစ်ကာ sea monster အမျိုးအစားဖြစ်ပါတယ်။ Typhon ကို ဂရိတွေရဲ့သမိုင်းမှာ အန္တာရာယ်အရှိဆုံး monster တစ်ကောင်အဖြစ် ယုံကြည်ကြပါတယ်။ သူရဲ့အပေါ်ပိုင်း လူခန္ဓာကိုယ်က ကောင်းကင်ပေါ်က ကြယ်တွေထိမြင့်မားတယ်လို့ထင်ရပြီ သူရဲ့လက်တွေက အရှေ့နဲ့အနောက်ထိ ရောက်ရှိကာ လူခေါင်းအစား ရာချီတဲ့ နဂါးဦးခေါင်းတွေရှိကာ သူရဲ့ပခုံးနဲ့ လည်ပင်ကနေ ချော်ရည်တွေအမြဲလိုလိုထွက်ရှိနေပါတယ်။ 

Source : List 25

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။