Titanic မင်းသား Leonardo DiCaprio တစ်ယောက်ကတော့ Oscar ရပြီးနောက်ပိုင်းမှာ ပျောက်နေတာကို ပရိသတ်ကြီး သိမှာပါ။ အဲ့လိုပျောက်နေတဲ့ချိန်မှာ သူဟာ ကမ္ဘာကြီးစိမ်းလန်းစိုပြေရေးအတွက် လုပ်ဆောင်နေပါတယ်။ တနင်္လာနေ့က Leonardo ဟာသူရဲ့ကောင်မလေး Camila Morrone နဲ့အတူ သူရဲ့မိဘတွေနဲ့ နေ့လည်စာ အတူတူစားရန် တွေ့ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ ၂၀၁၇ခုနှစ် ဒီဇင်ဘာလကတည်းက သူတို့နှစ်ယောက်ဟာ ချစ်သူတွေဖြစ်ခဲ့ကြတာပါ။

Leonardo ဟာအသက် ၄၄နှစ်ရှိပြီဖြစ်ပြီး သူ့ရဲကောင်မလေးကတော့ model တစ်ယောက်ဖြစ်ကာ အသက်၂၁နှစ်ပဲဖြစ်ပါတယ်။ နေံလည်စာစားရန် Leo သွားတဲ့ပုံစံကတော့ မီးခိုရောင် ခေါင်းစွပ်ပါ အင်္ကျီနဲ့ ဂျင်ဘောင်ဘီးကို တွဲဖက်ဝတ်ဆင်ကာ Baseball ဦးထုပ်ကိုဝတ်ဆင်ထားပါတယ်။ သူမှန်းမသိအောင်ပုံဖျက်ထားပေမဲ့လဲ သတင်းသမာတွေအတွက်တော့ အဲ့လိုပုံဖျက်မှုတွေက အရာမဝင်ပါဘူး။ သူရဲ့ချစ်သူ Camila ကတော့ ဂျင်စကတ်ကို အပေါ်က ဘလောက်အင်္ကျီနဲ့ တွဲဖတ်ဝတ်ဆင်ထားပါတယ်။ 

မိန်းကလေးဆိုပေမဲ့လဲ သူကောင်လေးမိသားစုနဲ့ နေ့လည်စာစားရမှာဆိုတော့ သူဟာ အလှသိပ်မပြင်ပဲ သွားရောက်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ၂၀၁၇ခုနှစ်ကတည်းက ချစ်သူဖြစ်ခဲ့ကြပါတယ်။ Leo ဟာ သူမတိုင်ခင်မှာ Gisele Bundchen, Bar Refaeli, Blake Lively, Erin Heatherton, Toni Garn, Kelly Rohrbach တို့နဲ့ date ခဲ့ပါတယ်။ ၂၀၁၈နွေရာသီမှာဆိုရင်တော့ Leo နဲ့ Camila တို့ဟာ Europe တစ်ခွင် အားလပ်ရက်ခရီးထွက်ခဲ့ပါတယ်။ Leo သတင်းလဲခုမှ ကြားရပေတော့တယ်။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။