Pop အဆိုတော်မလေး Taylor Swift ဟာခုဆိုရင်တော့ သူ့ရဲ့ကြောင်ချစ်တတ်တဲ့စိတ်ကိုမြင့်ကာ ဂီတနဲ့ပတ်သတ်တဲ့ Catဆိုတဲ့ပြဇာတ်မှာ Bombalurina အဖြစ်သရုပ်ဆောင်တော့မှာပဲဖြစ်ပါတယ်။ သူမအသက်ဟာ ခုချိန်မှာတော့ အသက်၂၉နှစ်ရှိပြီပဲဖြစ်ကာ Instagram ပေါ်ကို Meow ဆိုပြီး caption တပ်ကာ သူသရုပ်ဆောင်မဲ့ ဇာတ်ဆောင် နာမည် Bombalurina ကိုနောက်ခံထားရိုက်ထားတဲ့ပုံကို တင်ခဲ့ပါတယ်။ ကြောင်ချစ်သူလေး ကြောင်ပုံစံနဲ့ဘယ်လိုထွက်လာအုန်းမလဲဆိုတာ စောင့်ကြည့်ကြရအုန်းမှာပဲဖြစ်ပါတယ်။

ပြဇာတ်ထဲမှာတော့ Bombalurina ဟာ အရွယ်ရောက်ပြီးသား ပရောပရည်လုပ်တက်တဲ့ ရင်ဘက်ကအဖြူရောင်ဖြစ်နေပြီ အမဲရောင်အစက်လေးတွေပါတဲ့ အနီရောင်ကြောင်တစ်ကောင်ပဲဖြစ်ပါတယ်။ အဲ့ကြောင်လေးဟာ အဆိုနဲ့ထုတ်လုပ်ရေးမှာ ဦးဆောင်ပြီး အချို့ချိနမှာ တစ်ယောက်ထဲသီချင်းဆိုတက်ပြီး တချို့ချိန်မှာ နှစ်ယောက်တွဲဆိုတက်ကာ ကြောင်လေး Gumbie လိုမျိုးပါပဲ။ ထို့အပြင် ကမ္ဘာကျော်အဆိုတော် Jason Derulo ဟာလဲ Rum Tum Tugger အဖြစ်သရုပ်ဆောင်မှာဖြစ်ပါတယ်။ 

Taylor ဟာဆက်လက်ပြီးတော့ Instagram ပေါ်ကို Video တစ်ခုထပ်မံတင်ခဲ့ပါသေးတယ်။ " အခုဆိုရင်တော့ ကျွန်မက ကြောင်အဖြစ်သရုပ်ဆောင်ရတော့မှာပေါ့နော်....ပြီးတော့ အခုဆိုရင်လဲနှင်းတွေအရမ်းကျနေပါတယ် " လို့သူမရဲ့Video မှာပြောခဲ့ပါတယ်။ Cats ထဲမှာဆိုရင် သရုပ်ဆောင်တွေ အကုန်လုံးက နာမည်ကြီး Star တွေဖြစ်ပါတယ်။ Cats ဟာဆိုရင် 1998 ခုနှစ်မှာ TV အစီအစဉ်တစ်ခုဖြစ်ခဲ့ပြီး ပြဇာတ်ရုံမှာ ကပြခဲ့ကာ ခုဆိုရင်တော့ ဒီဇင်ဘာ ၂၀ရက်နေ့မှာ ပြန်လည်ကပြတော့မှာပဲဖြစ်ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။