တစ်ချိန်တစ်ခါက ဘာကြောင့်လဲဆိုတဲ့ မေးခွန်းကြီးကျန်နေခဲ့ရတဲ့အမှုက ယနေ့တိုင် ဘာကြောင့်လဲဆိုတာကိုက မတက်တော့ပါဘူး။၁၉၂၇ခုနှစ်မှာ Charles Lawson ဆိုတဲ့သူဟာ သူမိန်းမ Fannie နဲ့ သူရဲ့ကလေးခုနှစ်ယောက်နဲ့အတူ Germanton မှာရှိတဲ့ စိုက်ပျိုးမွေးမြူရေးခြံတို့ ပြောင်းလာခဲ့ပါတယ်။ ၁၉၂၉ခုနှစ်မှာ သူတို့ဟာ Christmas မတိုင်ခင် အင်္ကျီအသစ်တွေနဲ့ မိသားစုဓာတ်ပုံရိုက်ရန် မြို့ကို တက်ခဲ့ပါတယ်။ Charles Lawson ဟာသူမိန်းမနဲ့အတူ ကလေးခုနှစ်ယောက်ဖြစ်တဲ့ Marie (17နှစ်), Arthur (16နှစ်), Carrie (12နှစ်), Maybell (7နှစ်), James (4နှစ်), Raymond (2နှစ်) နဲ့ Mary Lou (4လ) တို့ကိုပါခေါ်ခဲ့ပါတယ်။  

ထို့နောက် Christmas အချိန်ရောက်ရှိလာပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့အချိန်ဟာ စတင်လို့လာပါတယ်။ Charles Lawson ဟာဦးစွာ သူ့ရဲ့သမီး Carrie နဲ့ Maybell ကို ဂျောက်ဂျက်သေနတ်နဲ့ အရင်ဆုံးပစ်သတ်ခဲ့ပြီး ခန္ဓာကိုယ်တွေကို သူတို့မိသားစုပိုင်တဲ့ ဆေးရွက်တွေထားရာ တင်းကုပ်မှာထားခဲ့ပါတယ်။ အဲ့နောက်သူဟာအိမ်ကိုပြန်လာပြီး သူမိန်းမကိုပစ်သတ်ခဲ့ပါတယ်။ အဲံချိန်မှာ သူ့သမီး Marie ဟာ သူ့အမေကိုသတ်လိုက်တဲ့ သေနတ်သံကိုကြားပြီး အော်မိကာ အငယ်ဆုံးနှစ်ယောက်ဖြစ်တဲ့ Raymond နဲ့ Mary တို့ဟာ ပုန်းနေခဲ့ပါတယ်။ အဲ့နောက် Charles ဟာ Marie ကိုသတ်ပြီး အငယ်ဆုံးသားနှစ်ယောက်ပုန်းနေတာကိုလဲရှာပြီး သတ်ခဲ့ပါတယ်။

အငယ်ဆုံးကလေးလေးကတော့ မသေမချင်းရိုက်နိုက်ခဲ့ခံရပါတယ်။ နာရီအနည်းငယ်ကြာပြီးနောက်မှာ Charles ဟာ အနီးနားကတောအုပ်ကိုသွားကာ ကိုယ့်ကိုကိုသတ်သေခဲ့ပါတယ်။ သားထဲမှာအကြီးဆုံးဖြစ်တဲ့ Arthur တစ်ယောက်သာလျှင်လွှတ်ခဲ့ပါတယ်။ သူဟာအဲ့မှုခင်းဖြစ်တဲ့ချိန်မှာ ကိစ္စတစ်ခုနဲ့ အပြင်ကိုရောက်နေခဲ့လို့ပါပဲ။ စိတ်မကောင်းစွာပဲ ၁၉၄၅ခုနှစ် သူ့အသက်၃၅နှစ်မှာ ကား အက်ဆီ့ဒက်ဖြစ်ပြီး သေဆုံးခဲ့ပါတယ်။ အဲ့နောက်မှာတော့ Charles ရဲ့အစ်ကို Marion Lawson ဟာအဲ့အိမ်ကို tourist attraction တစ်ခုအဖြစ်ဖွင့်ခဲ့ပြီး ၅နှစ်အတွင်းမှာ လူသိများလာခဲ့ပါတယ်။ လူတွေပြောကြားတဲ့ သတ်ရတဲ့အကြောင်းရင်ကတော့ သူ့မှာ ဦးနှောက်နဲ့ပတ်သတ်တဲ့ ထိခိုက်ဒဏ်ရာကြောင့်လိုပျော်ပြီး တချို့ကတော့ သူ့သမီးမှာသူနဲ့ရတဲ့ ကိုယ်ဝန်ရှိလို့ကြောင့်လို့ပြောကြပါတယ်။ 

Source : Can did slice 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။