Walking Dead ဇာတ်လမ်းတွဲကြည့်ပြီး အသက်၉ဝအရွယ် အိမ်နီးချင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့

Richard Jordan Tarver ဆိုတဲ့လူဟာ Walking Dead ဇာတ်လမ်းတွဲကိုကြည့်ပြီး သူ့အိမ်နီးချင်း အသက် ၉၀ အရွယ် အဖွားကြီးကို ပစ်သတ်ခဲ့ပါတယ်။ သူက အဖွားကြီးကို ကားထဲအတင်းဝင်ခိုင်းပြီး ပြောင်းခင်းထဲမှာ ပစ်သတ်ခဲ့တယ်လို့ ရဲကပြောပါတယ်။ ပစ်သတ်ခံရတဲ့ အဖွားကြီးရဲ့ သမီးကအိမ်မှာ တူ၊ ကြိုး၊ အဝတ်အစရှိတာတွေပါတဲ့ အနက်ရောင်အိတ်ကို ရှာတွေ့ခဲ့ပြီး Richard ရဲ့ DNA နဲ့ကိုက်ညီနေတာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ သေဒဏ်အပြစ်ပေးဖို့အထိ လူသတ်မှု၊ ဓားမြမှု နဲ့ သေနတ်ပစ်မှုတွေနဲ့ စွဲချက်တင်ခံရပါတ်။ တရားလိုရှေ့နေဘက်မှ Walking Dead TV series ကိုကြည့်ပြီး လူသတ်ခဲ့တာလို့ ကြာသပတေးနေ့ကပြောခဲ့ပါတယ်။ သူက တစ်စုံတစ်ယောက်ကို သက်ရတာ ဘယ်လိုနေမလဲ ခံစားကြည့်ချင်ပြီး သူ့အနီးအနားမှာရှိတဲ့ တစ်ယောက်တဲ့နေတဲ့ အသက်၉၀ အရွယ်မိန်းမကြီးက ဓားစာခံဖြစ်သွားရတာလို့ ပြောခဲ့ပါတယ်။

သူက အဖွားကြီးကို .38 သေနတ်နဲ့ ပြောင်းခင်းထဲပစ်သတ်ခဲ့ပြီး သူမရဲ့ခန္ဓာကိုယ်ကို ဆေးရုံ ကားပါကင်မျာ ထားခဲ့တာပါ။ သူမခန္ဓာကိုယ်ကို ကိုးရက်ကြာမှ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဖွားကြီး သေဆုံးတဲ့အချိန်မှာ Richard က သူ့သမီးလေးအတွက် မွေးနေ့ပွဲကို သူ့မိန်းမရယ်သူငယ်ချင်းတွေရယ်နဲ့ ပြင်ဆင်နေတာဖြစ်ပါတယ်။ သူကအပြစ်ဝန်ခံခဲ့ပြီး Zombie ဇာတ်လမ်းတွဲကို စွဲလမ်းခဲ့မိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။