ပရိသတ်ကြီးရေ အန္တာတိကတိုက်ဆိုတာ ကမ္ဘာ့တိုက်ကြီး ၇တိုက်ထဲမှာပါဝင်ပြီး အအေးခဲဆုံး တိုက်လည်တစ်ခုလည်း ဖြစ်ပါတယ်။ တစ်နှစ်ပတ်လုံး ရေခဲတွေ နှင်းတွေနဲ့သာ ဖြစ်ပေါ်နေတဲ့ ဒီတိုက်ကြီးထဲမှာ နေဖို့ဆိုတာ အတော်လေးကို မလွယ်ကူလှပါဘူး။ ဒီတစ်ခါ ပရိသတ်ကြီးအတွက် ဖော်ပြပေးချင်တာကတော့ အန္တာတိကတိုက်မှာ မနက်စာ စားရင်တောင် ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရမလဲဆိုတဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ 

အန္တာတိကတိုက်မှာ ပဉ္စမမြောက် အကြီးဆုံးတိုက် ဖြစ်ပြီး ဧရိယာ၏ ၉၈% သည် ပျမ်းမျှ (၁.၆) ကီလိုမီတာ အထူရှိသည့် ရေခဲများဖြင့် ဖုံးလွှမ်းလျက် ရှိလို့နေပါတယ်။ အရွယ်အစားအားဖြင့် နှိုင်းယှဉ်ကြည့်ပါက အန္တာတိကတိုက်သည် ဩစတေးလျတိုက်၏ နှစ်ဆမျှ ကျယ်ဝန်းပြီး အန္တာတိကတိုက်၏ ၉၈ ရာခိုင်နှုန်းသည် ရေခဲများ ဖုံးလွှမ်းနေကာ ရေခဲထု၏ အထူမှာ ၁.၂ မိုင် (၁.၉ ကီလိုမီတာ) မျှအထိရှိပါတယ်။

အခုလို အလွန်အေးခဲနေတဲ့ အရပ်ဒေသမှာ အတည်တကျနေထိုင်သူမရှိပဲ ယာယီသုတေသန ပြုလုပ်ဖို့အတွက်သာ လာရောက်နေထိုင်တဲ့သူတွေပဲ ရှိပါတယ်။ အအေးဆုံးအရပ်ဒေသ ဖြစ်လို့ အစားအစာတွေဟာ စားဖို့ပြင်နေတုန်းမှာပဲ ရုတ်တရက်ခဲသွားတဲ့ ပြသနာတွေကိုကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပရိသတ်ကြီးအနေနဲ့ ဗဟုသုတရစေရန်အတွက် အခုလို ပုံရိပ်လေးတွေကို ပြန်လည် မျှဝေပေးလိုက်ရပါတယ်နော်.။ 

Source : Did U Know ? 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။