ဒီတစ်ခေါက်မှာ ပရိသတ်ကြီးအတွက် ဖော်ပြပေးချင်တာကတော့ ကမ္ဘာပေါ်က အလှနတ်သမီးလေးတွေ တည်ရှိနေတဲ့ နိုင်ငံတွေ အကြောင်းပဲ ဖြစ်ပါတယ်။ တိုက်ကြီး ၇တိုက်ရှိတဲ့ အထဲမှာမှ နိုင်ငံပေါင်းများစွာရှိပြီး နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ နတ်သတ်ကြွေတဲ့ နတ်သမီးတွေအလား အထင်မှားသွားရလောက်အောင် လှပချောမောလှတဲ့ မိန်းမပျိုလေးတွေလည်းရှိကြပါတယ်။

အင်္ဂလန်နိုင်ငံ
ဒိန်းမတ်နိုင်ငံ
ရုရှားနိုင်ငံ

အခုမြင်တွေ့နေရတဲ့ ပုံတွေကတော့ ကမ္ဘာ့အချောဆုံးမိန်းကလေးတွေ အများဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။ စာရင်းပြုစုချက်များအရ ဥရောပတိုက်ဟာ မိန်းမချောလေးတွေအများဆုံးရှိတဲ့တိုက်ဖြစ်ပြီး အထူးသဖြင့် အင်္ဂလန်နိုင်ငံ ၊ ဒိန်းမတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ပဲ ဖြစ်ပါတယ်။ ဒုတိယနေရာမှာတော့ အမေရိကတိုက်နဲ့ အာရှတိုက်တို့ ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ ၊ ကိုလမ်ဘီယာနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ ဘရာဇီးလ်နိုင်ငံတို့ပဲ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ
ကိုလမ်ဘီယာနိုင်ငံ
အမေရိကန်နိုင်ငံ

ဒါ့အပြင်ကျွန်တော်တို့နိုင်ငံမှာလည်း ရိုးရာယဉ်ကျေးမှုအလှတရားတွေနဲ့အတူ နန်းဆန်စွာ လှပနေတဲ့ မြန်မာမိန်းမချောလေးများစွာလည်းရှိပါတယ်။ရေမြေဒေသကွဲပြားပုံကိုလိုက်ပြီး တစ်မျိုးစီလှနေတာကြောင့် ဘယ်နိုင်ငံက ပိုလှသလဲဆိုတာကိုတောင်ရွေးရခက်စေပါတယ်။ ပရိသတ်ကြီးဆိုရင်ရော ဘယ်နိုင်ငံက မိန်းကလေးတွေပိုလှသလဲလို့ထင်ပါသလဲဗျ..Comment မှာ မိမိရဲ့ထင်မြင်ချက်ကို ပြန်လည်ဝေမျှပေးလို့ရပါတယ်နော်။ 

အိန္ဒိယနိုင်ငံ
ဘရာဇီးလ်နိုင်ငံ

Source : Did U Know ? 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။