လူတိုင်းနီးပါးကော်ဖီကို ကြိုက်ကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ယခုနောက်ပိုင်းမှာဆိုရင် ကော်ဖီအရသာ အစစ်ကို ခံစားနိုင်မယ့် ဆိုင်တွေ တော်တော်များများရှိလာပါပြီ။ ကော်ဖီကို နေ့ခင်းဘက် လို အချိန်မျိုးတွေမှာ သောက်ကြတာများပြီး စိတ်ကို တက်ကြွလန်းဆန်းစေတာကြောင့် လူတော်တော်များများက ကြိုက်နှစ်သက်ကြတာပါ။ ဒါကြောင့် ကော်ဖီကြိုက်တဲ့ သူတွေအတွက် ကော်ဖီက ဘယ်လောက်ထိ ကျန်းမာရေးကို အထောက်အကူပေးလည်းဆိုတာကို ဖော်ပြပေးသွားမှာပါ။

(၁) ကော်ဖီမှာ ဓာတ်တိုးစေတဲ့ antioxidants ပါဝင်တာကြောင့် စိတ်ကို ကြည်လင်လန်းဆန်းစေပြီး နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၂) အများစုသိပြီးသားဖြင့်တဲ့ ကော်ဖီမှာပါတဲ့ ကဖိန်ဓာတ်က စိတ်ကို ကြည်လင်စေတာကြောင့် ဦးနှောက်မှတ်ဉာဏ်ကိုလည်း တိုးစေနိုင်ပါတယ်။

(၃) ကော်ဖီသောက်ခြင်းကြောင့် စိတ်မူမှန်ဖြစ်ခြင်း နဲ့ စိတ်ခြောက်ခြားမှုတွေကိုလည်း တွေနဲ့ဆိုင်တဲ့ ရောဂါတွေကိုလည်း ပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်။

(၄) လေ့လာတွေ့ရှိချက်တွေအရ ကော်ဖီက နှလုံးရောဂါကို မဖြစ်ပွားအောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

(၅) ကော်ဖီကို ပုံမှန်သောက်သုံးခြင်းဖြင့် အသည်း၊ အူမကြီးနဲ့ ရင်သားကင်ဆာတွေကိုလည်း မဖြစ်ပွားအောင် ကာကွယ်တားဆီးပေးနိုင်ပါတယ်။

(၆) ကေ်ာဖီက အသည်း အတွက် တကယ်ကို ကောင်းတဲ့ ဆေးတစ်ခွက်လိုပါပဲ။ ကော်ဖီကို ပုံမှန်သောက်ခြင်းက အသည်းကင်ဆာကို ကုသပေးနိုင်တာကြောင့် ဆေးတစ်ခွက်လို့တောင်ပြောလို့ရပါတယ်။

(၇) စိတ်ဖိစီးမှုများတဲ့ သူတွေ အတွက်တော့ ကော်ဖီက တကယ်ကို သင့်လျော်ပြီး သောက်သင့်တဲ့ အရာတစ်ခုပါ။ ကော်ဖီမှာ ကဖိန်းဓာတ်ပါတာကြောင့် စိတ်ကို လန်းဆန်းစေပြီး စိတ်ဖိစီးမှုတွေကိုလည်း လျော့ချပေးနိုင်ပါတယ်။

(၈) နောက်ဆုံးတစ်ချက်ကတော့ လူတိုင်းကြောက်ကြတဲ့ ဂေါက်ရောဂါကို ကော်ဖီက မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

တန်ဆေးလွန်ဘေးဆိုသလို တစ်နေ့ကို တစ်ခွက် ကော်ဖီသောက်သုံးခြင်းက ကျန်းမာရေးအတွက် ကောင်းနိုင်သလို အလွန်အကျွံ့သောက်သုံးမိရင်လည်း ဥပါဉ် ဖြစ်နိုင်လို့ အရမ်းမသောက်ဖို့ လည်း တိုက်တွန်းချင်ပါတယ်။

Source: onemedical.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။