လူတိုင်းက ပုံသဏ္ဍာန်တွေ ကိုယ်ပိုင်ထူးခြားချက်တွေနဲ့ ပြည့်စုံပြီးသားပါ။ တစ်ချို့တွေက မျိုးရိုးကြောင့် အရပ်ပုနေတာဖြစ်နိုင်သလို အချို့ကလည်း အာဟာရမပြည့်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်ဆိုရင်တော့ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေက အသက်(၁၈) နှစ်ကျော်ရင် ပြောင်းလဲမှုမရှိတော့တာကြောင့် သာမန်ထက်အရပ်ပုနေတဲ့ သူတွေက စိုးရိမ်ကြပါတယ်။ ခုတော့ စိုးရိမ်စရာမလိုတော့ပါဘူး။ တစ်ပတ်အတွင်း အရပ်ရှည်လာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ လျို့ဝှက်ချက်ကို ဖော်ပြပေးထားပါတယ်။

(၁)Gym သွားဆော့တာမှ လေ့ကျင့်ခန်းလုပ်တာမဟုတ်ပါဘူးနော်။ အိမ်မှာနေရင်ပဲ နဲ့အားတဲ့ အချိန်လေးတွေမှာ လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။ အထူးသဖြင့် တစ်ပတ်အတွင်းမှာ အရပ်ရှည်လာဖို့ဆိုရင်တော့ အရင်ဆုံးကို ခါးကို မတ်မတ်ထားပြီးနေတတ်အောင်လေ့ကျင့်ပါ။ ပြီးရင်တော့ ခါးကို ကွေးညွန့်တဲ့ လေ့ကျင့်ခန်း၊ ကျောရိုးကို ဆွဲဆန့်ပေးနိုင်တဲ့ ဘားခို တာမျိုးတွေက အရပ်ရှည်ဖို့ အတွက် အကောင်းဆုံးလေ့ကျင့်ခန်းတွေဖြစ်တာကြောင့်နေ့တိုင်း ပုံမှန်လုပ်သွားမယ်ဆိုရင် တစ်ပတ်အတွင်းသိသာလာမှာပါ။

(၂) အရပ်ရှည်ဖို့ အတွက် အဓိက မလုပ်မဖြစ်လုပ်ရမယ့် လေ့ကျင့်ခန်းတစ်ခုရှိပါတယ်။ အဲ့တာကတော့ ခန္ဓာကိုယ်ရဲ့ ပင်မကျောရိုးကို ဆွဲဆန့်အောင် လုပ်တာနဲ့ ခြေထောက်ကြွက်သားတွေကို ဆွဲဆန့်တာပါ။ တကယ်ထိရောက်တဲ့ လေ့ကျင့်ခန်းတွေဖြစ်လို့ တစ်ပတ်အတွင်းအရပ်ရှည်ချင်တယ်ဆိုရင်တော့ စမ်းကြည့်လိုက်ပါနော်။

(၃) နောက်တချက်တော့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားပေးရပါမယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်၊ ကယ်စီရမ် နဲ့ အခြားလိုအပ်တဲ့ ဓာတ်တွေပါဝင်တဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်။

အာဟာရပြည့်ဝတဲ့ အစားအစာတွေက အရိုးအဆစ်တွေကိုပါ ကျန်းမာအောင် လုပ်ပေးနိုင်တဲ့ အပြင် ခန္ဓာကိုယ်ကိုလည်း ကြံခိုင်စေလို့ အစားကို ကောင်းကောင်းစားပေးသင့်ပါတယ်။

(၄) အိပ်ရေးဝအောင် အိပ်ပါ။ အိပ်တဲ့ နေရာမှာလည်း ခြေထောက်တွေကို အတတ်နိုင်ဆုံး ဆန့်ထုတ်ပြီးတော့ အိပ်ရပါတယ်။ ပြီးရင် ခေါင်းအုံးမပါပဲ အိပ်နိုင်အောင် ကြိုးစားကြည့်ပါ။ နေသားကျသွားပြီဆိုရင်တော့ တစ်ပတ်အတွင်းမှာ သိသိသာသာ ပြောင်းလည်လာတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

နည်းလမ်းလေးတွေက အရမ်းကို လွယ်တာကြောင့် အရပ်ရှည်ချင်တဲ့ သူတွေ ြိကိုးစားပြီး လုပ်ကြည့်သင့်ပါတယ်နော်။

Source: justin5mins.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။