လူအမျိုးမျိုး စိတ်အထွေထွေဆိုတဲ့ စကားအတိုင်း လူတစ်ယောက်နဲ့ တစ်ယောက် အသားအရေ အသွင်အပြင်တွေကလည်း ကွဲပြားခြားနားကြပါတယ်။ တစ်ချို့ မိန်းကလေးတွေက သဘာဝအတိုင်းအသားအရေလေးတွေ ချောမွေ့ပြီး လှနိုင်တဲ့ သူလေးတွေရှိသလို ကြမ်းတဲ့ အသားအရေကို ပိုင်ဆိုင်ထားတဲ့ မယ်မဒီလေးတွေလည်းရှိပါတယ်။ ဒါကြောင့် ကြမ်းတဲ့ အသားအရေပိုင်ရှင်လေးတွေအတွက် အသားအရေကို ချောမွေ့လာအောင် ဘယ်လို ထိန်းသိမ်းရမလည်း ဆိုတာ ပြောပြပေးချင်ပါတယ်။

များသောအားဖြင့်တော့ အသားအရေကြမ်းသူမယ်မဒီလေးတွေ အတွက် အသင့်တော်ဆုံးကတော့ မုန်လာဥနီပဲ ဖြစ်တဲ့အပြင် ဆေးတစ်မယ်လို့ပဲ အရမ်းကို အသုံးဝင်ပါတယ်။

ဘယ်လိုအသုံးပြုရမလဲ ဆိုရင်

- မုန်လာဥနီကို အရည်ရအောင် ညှစ်ယူပြီး အပူပေးလိုက်ပါ။

- ခပ်နွေးနွေး အနေအထားလေးကို ရပြီဆိုရင် ပျားရည်တစ်ဇွန်း ထည့်ပြီး မျက်နှာပေါ်ကို စိမ့်ဝင်နေအောင် စိတ်ရှည်ရှည်ထားပြီး လိမ်းပေးပါ။

- နာရီဝက်လောက်ကြာတဲ့ အခါမှာ အဝတ် ဒါမှမဟုတ် တစ်ရူးအသန့်လေးကို ရေကျက်အေး ထဲမှာ စိမ့်ပြီး မျက်နှာ အနှံသန့်စင်ပေးပါ။

ထိုနည်းအတိုင်းနေ့စဉ် လုပ်ဆောင်ပေးသွားမယ်ဆိုရင်တော့ လှပချော့မွေ့တဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်မှာပါ။ နောက်ပြီး ရေကိုလည်း ပုံမှန်သောက်သုံးပေးပြီး ကိုယ်နေ့စဉ်သုံးနေတဲ့ မျက်နှာသစ်ဆေးတွေကိုလည်း သေချာရွေးချယ်ဝယ်ယူသင့်ပါတယ်။ လှပချောမွေ့တဲ့ အသားအရေလေးတွေကို ပို်င်ဆိုင်နိုင်ပါစေနော်။

Source: healthline.com


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။