များသောအားဖြင့် မိန်းကလေးတွေက ယောကျာ်းလေးတွေထက်ပိုပြီး အစားအသောက်ကောင်းတွေကို ခုံမင်တတ်ကြပါတယ်။ ဘယ်အချိန်ပဲ ဖြစ်ဖြစ်စားနေရမှ ကျေနပ်ကြတဲ့ ကောင်မလေးတွေရဲ့ အကြီးဆုံးပြဿနာကတော့ ဝိတ်တက်လာတာပါပဲ။ ဒါ့ပြင် ခန္ဓာကိုယ်အလေးချိန်တက်လာတာနဲ့ အမျှ ဗိုက်နဲ့ လက်မောင်း၊ ပေါင်တွေမှာ အဆီပိုတွေကို ဖြစ်စေတာကြောင့် ကြည့်ရဆိုသလို ကိုယ့်ရဲ့ ပင်ကိုယ်အလှတွေကိုလည်း ပေါ်လွင်စေတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် အစားအစာတွေလည်း စားရမယ့် အဆီပိုလည်း မတက်စေမယ့် နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။

(၁) ပထမဆုံးကတော့ အဆီတွေမတက်ချင်ဘူးဆိုရင် အဆီ ၊ အဆိမ့်တွေပါတဲ့ ဝက်သား၊ အမဲသား၊ပုဇွန်ဆီ၊ နို့နဲ့ နို့ထွက်ပစ္စည်း စတာတွေကို အလွန်အကျွံ မစားသုံးပေးဖို့လိုအပ်ပါတယ်။

(၂) နောက်တစ်ချက်ကတော့ အိမ်သုံးစားဆီပါ။ ဟင်းချက်တဲ့ အခါသုံးတဲ့ ဆီကို တတ်နိုင်ရင်တော့ မြေပဲဆီ နဲ့ နှမ်းဆီတို့ကို အဓိက ထားသုံးပေးခြင်းက ကျန်းမာရေးနဲ့လည်း ညီညွတ်စေတဲ့ အပြင် အဆီပိုတွေကိုလည်း မဖြစ်စေပါဘူး။

(၃) အသက် (၄၀) ကျော် အမျိုးသမီးတွေက ပိုပြီးတော့ အဆီပိုတွေဖြစ်တာ မြန်ပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့ လှပတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ ဝက်သားလို့ အဆီများတဲ့ အရာတွေကို လုံးဝရှောင်ကျဉ်ပြီး စားသုံးသင့်ပါတယ်။

(၄) ကိုယ်က ကြိုက်လို့ အများကြီး စားခဲ့မိရင်လည်း စိတ်မပူပါနဲ့ အချဉ်ဓာတ်ပါတဲ့ ဖျော်ရည်တစ်ခုခု အသီးတစ်ခုခုကို နေ့စဉ်စားသုံးပေးပါ။

(၅) အဆီပိုတွေ အရမ်းစုနေခဲ့ရင်တော့ ကြက်သွန်ဖြူ အစိမ်းကို နေ့စဉ်စားသုံးပေးချင်းက ခန္ဓာကိုယ်မှာရှိတဲ့ ကိုလက်စရောကို လျော့ချပေးတာကြောင့် အဆီပိုတွေကို မြန်မြန် ဖယ်ရှားပေးနိုင်ပါတယ်။

(၆) နောက်ဆုံးတစ်ချက်ကတော့ ရေကို တစ်နေ့ ၈ လီတာကနေ ၁၀လီတာ အတွင်းသောက်သုံးပေးဖို့ လိုအပ်ပါတယ်။

ဒါမှ ခါးတုတ်တာ၊ ဗိုက်ပူ တာတွေကို မဖြစ်စေပဲနဲ့ အချိန်တိုင်းလှပတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Source: health.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။