Beauty Blogger ၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နေခြည်ဦးကတော့ Social Media ထက်မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ Star တစ်ဦး ဖြစ်ပါတယ်။ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ကြိုးစားအားထုတ်ပြီး အောင်မြင်နေတဲ့ နေခြည်ဦးကတော့ အမျိုးသမီးပရိသတ်တွေရဲ့ လေးစားအားကျမှုတွေနဲ့ ချစ်ခင်မှုတွေကို ပိုင်ဆိုင်ထားပါတယ်။ မိသားစုဝင် ၅ယောက်ရှိတဲ့ နေခြည်ဦးက မောင်နှမတွေထဲမှာ အကြီးဆုံးဖြစ်ပြီး မောင်လေးနဲ့ ညီမလေးကို ပိုင်ဆိုင်ထားရပါတယ်။

နေခြည်ဦးရဲ့ ညီမချောလေးဖြစ်တဲ့ စိမ်းလဲ့ရတနာကလည်း ပရိသတ်တွေကြားမှာ အရမ်းကို စိတ်ဝင်စားမှုရရှိနေသူလေးလည်း ဖြစ်ပါတယ်။ အစ်မဖြစ်သူနဲ့ အသက် (၁၂)နှစ်တိတိကွာတဲ့ စိမ်းလဲ့က နေခြည်ဦးလိုပဲ သွက်သွက်လက်လက်နဲ့ ချစ်စရာကောင်းသူလေး ဖြစ်ပါတယ်။ အခုလည်း နေခြည်ဦးက ညီမလေးစိမ်းလဲ့ရဲ့ အမိုက်စား Tik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပြီး ချီးကျူးထားတာ တွေ့ရပါတယ်။

နေခြည်ဦးက '' မင်းညီမထက် ငါ့ညီမက ပိုမိုက်တယ်ကွာ '' ဆိုပြီး စိမ်းလဲ့ရတနာရဲ့ အမိုက်စားဖန်တီးမှုလေးတွေနဲ့ Tik Tok ဗီဒီယိုလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ပုံစံတစ်မျိုးလေးနဲ့ ချစ်စရာကောင်းတဲ့ စိမ်းလဲ့လေးကို ချီးကျူးစကားတွေဆိုထားပြီး ချစ်ခင်အားပေးနေကြတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေခြည်ဦးညီမလေး စိမ်းလဲ့ရတနာရဲ့ ချစ်စရာ Tik Tok ဗီဒိယိုဖိုင်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Sane &Nay Chi Oo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။