ဒီကနေ့မှာတော့ ပရီးမီးယားလိဂ်မှာ ဆက်တိုက် ရလဒ်ကောင်းနေတဲ့ မန်ချက် စတာယူနိုက်တက်နဲ့ ပြင်သစ် ထိပ်သီး ကလပ် PSG နဲ့ ဆုံတွေ့မှာ ဖြစ်ပါတယ်။ ဆိုးလ်ရှားလက်ထက် ပြိုင်ပွဲအရပ်ရပ် ၁၁ပွဲမှာ ၁၀ပွဲအထိ အနိုင်ရထားတဲ့ မန်ချက်စတာယူနိုက်တက်အတွက် ခက်ခဲတဲ့ ပြိုင်ဖက်နဲ့ ရင်ဆိုင်ရမှာပါ။

အထူးသဖြင့် အရည်အသွေးမြင့် ကစားသမားတွေ များစွာ ပိုင်ဆိုင်ထားတဲ့ PSG ဟာ ပြင်သစ်လိဂ်မှာ အမှတ်ဖြတ်ပြီး ဦးဆောင်နေတဲ့အသင်းဖြစ်သလို ခြေစွမ်ပိုင်းလည်း အကောင်းဆုံး ပုံစံမှာ ရှိနေတာပါ။ လီဗာပူးလ်၊ နာပိုလီတို့နဲ့ ကစားခဲ့တဲ့ PSGရဲ့ ချန်ပီယံလိဂ် အဝေးကွင်း ရလဒ်ပိုင်းကတော့ မန်ချက်စတာယူနိုက်တက်အတွက် အခွင့်အရေး ရှိနေပါတယ်။

PSG မှာ အားထားရတဲ့ နေမာ မပါနိုင်သလို ကဗာနီလည်း ဒဏ်ရာရနေလို့ တိုက်စစ်ပိုင်းက အမ်ဘတ်ပေ တစ်ဦးတည်း ဖြစ်နေတာက မန်ချက်စတာယူ နိုက်တက် ကံကောင်းတာပါ။ ဥရောပ အတွေ့ကြုံပိုင်းမှာ မန်ယူဟာ ဒီဖက်နှစ်တွေမှာ အားရစရာ မရှိပေမယ့် အစဉ်လာကြီးမားတဲ့ အသင်းဖြစ်လို့ အိုးထရက်ဖို့ဒ်မှာ ဘယ်လို ကစားမလဲ စိတ်ဝင်စားစရာပါ။

SOURCE:BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။