ယနေ့ခေတ်မှာဆိုရင် မိန်းကလေးအများစုက ချောမွေ့ပြီး အပြစ်အနာအဆာကင်းတဲ့ မျက်နှာမျိုးလေးကို.ပိုင်ဆိုင်နိုင်ဖို့ အတွက် နည်းလမ်းပေါင်းစုံနဲ့ လုပ်ယူကြပါတယ်။ ထိုကဲ့သို့ လုပ်ဆောင်တဲ့နေရာမှာ နည်းလမ်းအမှားတွေကြောင့် မျက်နှာပေါ်မှာ ကုရခက်တဲ့ အမည်းစက်တွေ တင်းတိပ်တွေ ဖြစ်ပေါ်လာကြတာပါ။ အမည်းစက်နဲ့ တင်းတိပ်တွေကို လုံးဝအမြစ်ပြတ်ပျောက်ကင်းအောင် ကုသဖို့အတွက်ဆိုရင် ကုန်ကျစရိတ်အများကြီးဖြစ်နိုင်သလို ထင်သလောက်ထိရောက်မှုမရှိရင်လည်း စိတ်ပျက်ရမှာပါ။

ဒါကြောင့် ပျိုမဒီလေးတို့ အတွက် ဆိုးရွားတဲ့ အမည်းစက်နဲ့ တင်းတိပ်တွေကို အမြစ်ပြတ် အနိုင်ယူနိုင်ပြီး လှပချောမွေ့တဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်စေမယ့် နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။ ယခုပြောကြမယ့် နည်းလေးက ငွေကုန်ကြေးကျမများပဲ တကယ်ထိရောက်တဲ့ နည်းလေးပါ။

လိုအပ်တဲ့ ပစ္စည်းများ

- မက်မွန်သီး ၂လုံး

- နွားနို့ နှစ်ဇွန်းခန့်

- မုန့်လာဥနီ ၂လုံး

- လိမ္မော်သီး အမှည့်လွန် တစ်လုံး

လုပ်နည်းကတော့ လွယ်ပါတယ်။ မုန့်လာဥနီနဲ့ လိမ္မော်သီး တွေကို အရည်ညှစ်ထားပြီး မက်မွန်သီး နှစ်လုံးကို ချေလိုက်ပါ။ ပြီးရင် နွားနို့ ၊ မုန်လာဥနီ၊ လိမ္မော်သီး အရည်တွေကို ဆတူရောပြီး တင်းတိပ်နဲ့ အမည်းစက်ဖြစ်ပေါ်နေတဲ့နေရာတွေကို သေချာ လိမ်းပေးပါ။ ထိုနည်းအတိုင်းပုံမှန် လိမ်းသွားမယ်ဆိုရင်တော့ အမည်းစက်နဲ့ တင်းတိပ်တွေပျောက်ပြီး လှပချောမွေ့တဲ့ အသားအရေတွေကို ပိုင်ဆိုင်နိုင်မှာပါ။ 

Source:Healthline

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။