ပရိသတ်ကြီးရေ.. လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေကို အကြိုက်တွေ့စေသလို ထိတ်လန့်ကြောက်ရွံ့မှုတွေကို ပေးစွမ်းနိုင်ပြီး ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားပဲ ဖြစ်ပါတယ်..။

လိပ်ပြာစံအိမ်ရုပ်ရှင်ဇာတ်ကားကြီးဟာ ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် အမိုက်စားရိုက်ချက်တွေနဲ့ ပြောစရာမလိုအောင်ပြည့်စုံတဲ့ အသံပိုင်နဲ့ မီးအလင်းအမှောင်တွေကြောင့်လည်း ပရိသတ်တွေအပြင် အနုပညာရှင်များစွာကလည်း ချီးကျူးထားရတဲ့ ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်..။

ဇာတ်ကားရုံတင်မပြသမှီကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်တစား အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားပြီး ကြိတ်ကြိတ်တိုး အားပေးမှုတွေကို ရရှိထားတာလည်း တွေ့ရပါတယ်..။

သရုပ်ဆောင်ပီပြင်လွန်းတာမို့ ပရိသတ်တွေချီးကျူးနေကြတဲ့ ရွှေကစ်လေးကတော့ သူမရဲ့ အမိုက်စားရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ လိပ်ပြာစံအိမ်ရုပ်ရှင်ကိုလည်း သူငယ်ချင်းတွေနဲ့အတူ တကျော့ပြန်သွားရောက်ကြည့်ရှု့ခဲ့ပါသေးတယ်..။

ရွှေကစ်လေးနဲ့အတူ မိုးစက်ဝိုင်၊ Ar-T နဲ့ ဝေမင်းမောင်တို့ကအတူ သွားရောက်ကြည့်ရှု့ခဲ့ကြတာဖြစ်ပြီး အမှတ်တရဓာတ်ဖမ်းခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း မိုးစက်လေးက ပရိသတ်တွေကို ပြန်လည်မျှဝေထားသလို ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီးတော့လည်း ချီးကျူးစကားလေးတွေ ဆိုထားပါသေးတယ်..။

ရုပ်ရှင်ကြည့်၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါးစနောက် မျက်နှာပြောင်ရင်း အမှတ်တရဓာတ်ဖမ်းခဲ့ကြတဲ့ သူမတို့သူငယ်ချင်းတစ်စုရဲ့ ပုံရိပ်လေးတွေကလည်း တကယ်ကို ချစ်စရာလေးပါပဲ ပရိသတ်ကြီးရေ.. ။

Photo - မိုးစက်ဝိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။