လူသားတွေမွေးဖွားလာခြင်းမှာ အဓိကအရေးကြီးတဲ့ သူကတော့ မိခင်လောင်းတွေပါ။ ကလေးတစ်ယောက် ဉာဏ်ရည်ဖွံဖြိုးဖို့ ကိုယ်လက်အဂါၤကြံခိုင်ဖို့ဆိုရင် အဓိက အရေးကြီးတာကတော့ မိခင်လောင်းတွေရဲ့ ကိုယ်ဝန်ဆောင်စဉ်ဂရုစိုက် မှုပါပဲ။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်က ကိုယ့်ကိုယ်ကိုကော ကိုယ့်ရဲ့ ဗိုက်ထဲက ရင်သွေးလေးကို ပါ မထိခိုက်အောင် ဂရုစိုက်ရတာဟာအရမ်းကို တာဝန်ကြီးပါတယ်။ ဒါကြောင့် ဒီနေ့ကတော့ မိခင်ကော ကလေးပါ ကျန်းမာစေဖို့ အတွက် ကိုယ်ဝန်ဆောင်စဉ်ကတည်းက ဘာတွေရှောင်ရှားသင့်တယ်ဆိုတာကို ဝေမျှပေးထားပါတယ်။

(၁) ဆေးလိပ်လုံးဝမသောက်ရပါဘူး။ သာမန် အမျိုးသမီးတွေက ဆေးလိပ်မသောက်ပေမယ့် ဆေးလိပ်ငွေ့ကို ရူရှိုက်မိရုံနဲ့ ကလေးကိုရော မိခင်ကိုပါ အန္တရာယ်ဖြစ်စေတာကြောင့် အတတ်နိုင်ဆုံး ဆေးလိပ်ငွေ့တွေနဲ့ ဝေးရာမှာ နေသင့်ပါတယ်။

(၂) alcoholပါတဲ့ မည်သည့် အရည်တွေကိုမှ မသောက်ပါနဲ့။ အရက်မှမဟုတ်ပါဘူး wine ကို သောက်သုံးခြင်းကလည်း ကလေးရဲ့ ဖွံံ့ဖြိုးမှုကို နှောင်နှေးစေနိုင်ပြီး အခန့်မသင့်ရင် ခြေလက်အဂါၤမစုံမလင်ဖြစ်နိုင်တာကြောင့် တစ်စက်ကလေးတောင် မသောက်သင့်ပါဘူး။

(၃) အကျက်လွန်နေတဲ့ အသားတွေ ကို လုံးဝမစားသင့်ပါဘူး။ ထိုအသားတွေက မိခင်ရဲ့ အရိုးအဆစ်တွေကို ဒုက္ခပေးနိုင်တာကြောင့် ရှောင်ရှားသင့်ပါတယ်။

(၄) အသင့်အစားအစာတွေကို မစားပါနဲ့။ အသင့်အစားအစာတွေက အားအင်ကုန်ခမ်းပြီး နေမကောင်းဖြစ်စေနိုင်တာကြောင့် အထူးရှောင်ကျဉ်သင့်ပါတယ်။

(၅) ပိုးမွှားမသန့်စင်ထားတဲ့နွားနို့တွေကို မသောက်သုံးပါနဲ့။ နွားနို့မှာ ကယ်စီရမ်ဓာတ်ပါဝင်တာကြောင့် ကလေးရဲ့ ဖွံ့ဖြိုးမှုကို အဓိကလုပ်ဆောင် ပေးနိုင်တာကြောင့် မသောက်မဖြစ်သောက်သုံးပေးသင့်ပေမယ့် ပိုးမွှားသေချာသန့်စင် ထားတဲ့ နွားနို့တွေကို သေချာရွေးချယ်သောက်သုံးသင်ပါတယ်။

(၆) ကော်ဖီတွေ အများကြီး မသောက်ပါနဲ့။ ကော်ဖီမှာ ပါတဲ့ ကဖိန်းဓာတ်က ကလေးရဲ့ နှလုံးခုန်နှုန်းကို ဒုက္ခပေးနိုင်တာကြောင့် ကိုယ်ဝန်ဆောင် မိခင်များရှောင်ကျဉ်သင့်တဲ့ အရာတစ်ခုပါပဲ။

ကိုယ်ဝန်ဆောင်မေမေ တွေအကုန်လုံးအထက်မှာဖော်ပြသွားတဲ့ အချက်လေးတွေကို သေသေချာျချာဂရုစိုက်ပြီး ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေ ပိုင်ဆိုင်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။

Source:healthline.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။