အမျိုးသမီးတွေ အတွက် ချိုင်းမွေးဆိုတဲ့ အရာကို စိတ်ရှုပ်စရာ အဖြစ် ယူဆထား ကြမှာ ဖြစ်ပါတယ်။ အမျိုးသမီး အများစုဟာ ချိုင်းမွေး တွေကြောင့် စိတ်ရှုပ်ရ တာမို့ ရိတ်ပစ် လေ့ရှိပါတယ်။ ဒါပေမဲ့ အချို့ အမျိုးသမီးတွေ ကတော့ ချိုင်းမွေး တွေကို ဖက်ရှင် အဖြစ် သဘောထားကာ လူ မြင်ကွင်းမှာ ရဲဝံ့စွာ ထုတ်ပြလေ့ ရှိပါတယ်။ အဲဒါကတော့ ချိုင်းမွေးတွေကို အရောင်ဆိုးပြီး ဖက်ရှင် အဖြစ် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ 

နက်မှောင်နေတဲ့ ချိုင်းမွေးတွေ ကို ဆေးရောင် ဆိုးလိုက်တဲ့ အခါ အမြင် ပြောင်းသွားပြီး လူမြင်ကွင်းမှာ ရဲရဲဝံ့ဝံ့ ထုတ်ပြလို့ ရတဲ့ အနေ အထားမျိုး ဖြစ်လာပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ အမျိုးသမီးတွေဟာ ချိုင်းမွေးတွေမှာ အရောင်ဆိုးပြီး လူမှုကွန်ရက် ဝက်ဘ်ဆိုက်တွေ မှာ လွှင့်တင်မှု ပြုလုပ်ကြပါတယ်။ အမေရိကန် ပြည်ထောင်စု၊ ဆီယက်တယ် ပြည်နယ်မှာ နေထိုင်တဲ့ ဆံသ ပညာရှင် ရိုစီဟန့်က ချိုင်းမွေးတွေကို ရိတ်ပစ် တာထက် ဆေးရောင်ဆိုးခြင်း ဟာ အမျိုးသမီးတွေ အတွက် ပိုမိ ုကောင်းမွန်စေကြောင်း၊ မည်သည့် လျှို့ဝှက်မှုကိုမှ ပြုလုပ်စရာ မလိုသဖြင့် လွတ်လပ်စွာ သွား လာ နိုင်ကြောင်း ပြောကြားခဲ့ ပါတယ်။  

ချိုင်းမွေကို အပြာရောင်ဆိုး ထားတဲ့ အမျိုးသမီး တစ်ဦး ကလည်း မိမိသည် အမွေးထူကြောင်း၊ ထို့ကြောင့် ချိုင်းမွေး များကို ရိတ်ပစ် ရကြောင်း၊ ယခုအခါ ထိုပြဿနာမှာ ကင်းဝေး သွားပြီ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ပရိသတ်ကြီးလည်း ဒီလိုချိုင်းမွှေးဖက်ရှင်ဆိုတာကို ဘယ်လိုမြင်လဲဆိုတာ ထင်မြင်ချက်လေးပြောခဲ့ပါအုန်းနော်။

Source : Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။