ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က နှင်းလျှောစီး အပန်းဖြေစခန်းတခုဆီသွားရောက်ခဲ့တယ်လို့သိရပါတယ်။

ပူတင်အနေနဲ့ ၎င်းအပန်းဖြေစခန်းဆီသွားရောက်ရတဲ့ အကြောင်းရင်းကတော့ ဆီးရီးယားအရေး ထိပ်သီးညီလာခံ မကျင်းပမီ ပြင်ဆင်နေရာကနေ ခဏအနားယူတဲ့အနေနဲ့ သွားရောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။  

ဒါ့အပြင် ရုရှားသမ္မတ ပူတင်ရဲ့ ၎င်းအပန်းဖြေခရီးကိုတော့ ရုရှားနိုင်ငံထဲကို တရားဝင်အလည်အပတ် ရောက်နေတဲ့ ဘဲလာရုစ်သမ္မတ အလက်ဇန်းဒါး လုခါရှန်ကိုနဲ့ သူ့သား နီကိုလိုင်တို့လည်း လိုက်ပါသွားခဲ့တယ်လို့သိရပါတယ်။  

အပန်းဖြေပြီးတဲ့အခါမှာတော့ နှစ်နိုင်ငံလုံးကသမ္မတွေဟာ နှစ်ရက်ဆက်တိုက် ဆွေးနွေးပွဲတွေလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၄ ရက်နေ့ ဒီကနေ့မှာဆိုရင်လည်း ဆီးရီးယား အခြေအနေကို ဆွေးနွေးဖို့ ရုရှား၊ အီရန်နဲ့ တူရကီ ခေါင်းဆောင်တွေလည်း ဆိုချီမြို့ကို ဖေဖော်ဝါရီ ၁၄ ရက်မှာ ရောက်လာဖို့ မျှော်လင့်ထားပါတယ်လို့သိရပါတယ်။ 

source _DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။