ယနေ့ခေတ်မှာဆိုရင် အသက် ၁၈ နှစ်မပြည့်သေးတဲ့ လူငယ်လူရွယ်တွေက အစ ဆေးလိပ်ကို စွဲလမ်းစွာသောက်လာကြပါတယ်။ ထိုကဲ့ သို့ သောက်သုံးခြင်းရဲ့ နောက်ကွယ်မှာ လူငယ်တွေရဲ့ ဘဝကို အများကြီး ပေးဆပ်ခဲ့ကြရပါတယ်။ ဆေးလိပ်သောက်ခြင်းက လူငယ်တွေအတွက်ကော လူကြီးတွေအတွက်ပါ ဆိုးကျိုးတွေကို သာယူဆောင်လာပေးနိုင်တဲ့ အရာတွေဖြစ်ပါတယ်။ ဒါကြောင့် ယခုနောက်ပိုင်းမှာဆိုရင် ဆေးလိပ်အစားထိုး e-cigarettes တွေ ခေတ်စားလာခဲ့ပြီး ကျန်းမာရေးကိုလည်း မထိခိုက်စေပဲ သင့်ကိုလည်း ဆေးလိပ်အရှင်းပြတ်သွားအောင် အသုံးဝင်လာတဲ့ ပစ္စည်းကောင်းတစ်ခုဖြစ်ပါတယ်။

E-cigarettes က စီးကရက်သောက်နေရသလိုပဲ ခံစားရတာကြောင့် ကျန်းမာရေးကို မထိခုက်စေပဲ ဆေးလိပ်ကို အလွယ်တကူဖြတ်ချင်တဲ့ သူတွေအတွက် သင့်လျော်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ e-cigarettes မှာဆိုရင် ပါးစပ်နဲ့ အငွေ့တွေကို ရူရိုက်လိုက်တဲ့ အခါ အထဲမှာပါရှိတဲ့ aerosol အရည်ကို ချက်ချင်း ပူသွားစေပြီး အငွေ့အဖြစ် ပြန်လည်ထွက်ရှိလာတာဖြစ်ပါတယ်။ ဒါကြောင့်ပဲ လူတောေ်တာ်များများက သဘောကျ ကျသလို ဈေးနှုန်းကလည်း အတော်အသင့်ဈေးကြီးပါတယ်။ e-cigarettesမှာ traditional ၊ watermelon ၊ menthol ၊ lava flow ဆိုပြီး အရသာလေးမျိုး ထပ်ရှိသေးတာကြောင့် သင်ကြိုက်နှစ်သက်တာကို ဝယ်ယူသောက်သုံးလို့ရပါတယ်။

ဒါဆို ဘယ်လို အကျိုးကျေးဇူးတွေရရှိနိုင်လဲ ?

- ဆေးပြင်းလိပ်ကြောင့် ဖြစ်ပေါ်တတ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ခြင်း

- ဆေးလိပ် စွဲနေသူတွေကို လျင်မြန်စွာ ဆေးလိပ်ပြတ်စေခြင်း

ဆိုးကျိုးတွေ ကတော့ ...

- လူငယ်တွေရဲ့ ဦးနှောက် ဖွံ့ဖြိုးမှု စွမ်းရည်တွေကို ပြောင်းလဲစေနိုင်ခြင်း

- ကိုယ်ဝန်ဆောင် မိခင်တွေဆိုရင် ရင်သွေးလေးတွေရဲ့ အာရုံကြောပိုင်းနဲ့ ပတ်သတ်ပြီး ထိခိုက်မှုရှိစေနိုင်ခြင်း

- aerosol မှာပါတဲ့ ပျော်ရည်တွေ အဆိပ်ရှိတဲ့ဓာတ်တွေက ဆိုးကျိုးတွေကို ဖြစ်စေနိုင်ခြင်း

- လူငယ်တွေမှာ ဆိုရင် e-cigarettes ကို သောက်သုံးခြင်းကြောင့် စီးကရက်ကို အလွယ်တကူသောက်တတ်စေနိုင်ခြင်း

ဒါကြောင့် e-cigarettesက ဆေးလိပ်စွဲနေတဲ့ သူတွေအတွက်သာ သင့်လောျ်တဲ့ ဆေးလိပ်အစားထိုး ပစ္စည်းတစ်ခုဖြစ်လို့ လူငယ်တွေ အနေနဲ့ စမ်းသုံးမသင့်ပါဘူး။ အသက်ကို ဉာဏ်စောင့်ရင်းပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးတွေကို ပိုင်ဆိုင်နိုင်ပါစေ။

Source: medicalnewstoday.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။