ကမ္ဘာ့မှတ်ဉာဏ်အကောင်းဆုံးလူအဖြစ် သတ်မှတ်ခံထားရသူကတော့ အသက် ၅၉ နှစ်အရွယ် ဒိုမစ်နစ် အိုဘရိန်းဖြစ်ပါတယ်။ ကမ္ဘာမှတ်ဉာဏ်ချန်ပီယံရှစ် ပြိုင်ပွဲမှာ ရှစ်ကြိမ်ဆက် ဗိုလ်စွဲထားသူဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကာစီနိုရုံတွေက အဝင်မခံတဲ့သူလည်းဖြစ်ပါတယ်။

ဖဲချပ်ပေါင်း ၅၄ ချပ်ကို မှတ်ထားနိုင်စွမ်း ရှိသူဖြစ်ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခံထားရသူလည်း ဖြစ်ပါတယ်။

လူသားတစ်ယောက်ရဲ့မှတ်မိနိုင်စွမ်းဟာ ဖဲချပ် ခြောက်ချပ်ထိပဲရှိပေမဲ့ သူက ၅၄ ချပ်ထိ မှတ်ထားနိုင်တာ ဖြစ်ပါတယ်။

ထူးခြားတဲ့အဖြစ်အနေနဲ့ ငယ်ငယ်တုန်းက ရထားတိုက်မိခဲ့တဲ့ဖြစ်ရပ်တစ်ခုရှိခဲ့ပြီး အဆိုပါရထားတိုက်မှုမှာ သူ့ရဲ့ ဦးနှောက်ထိခိုက်ခဲ့တယ်လို့ ဒိုမစ်နစ်က ပြောပါတယ်။ ဒါပေမဲ့ သူ့လိုမှတ်မိနိုင်အောင် လူတွေလုပ်လို့ရတယ်လို့ ဒိုမစ်နစ်က ယုံကြည်ပါတယ်။

၁၉၈၇ တုန်းက လူတစ်ယောက် ဖဲချပ်တွေကို မှတ်သားပြတာကို ကြည့်ခဲ့ရာကနေ သူရဲ့ မှတ်ဉာဏ်လေ့ကျင့်မှုကို စတင်ခဲ့တာဖြစ်ပြီး ဒီအချိန်မှာ သူ့အသက်ဟာ ၃၀ ရှိနေပြီဖြစ်ပါတယ်။ မှတ်ဉာဏ်တိုးတက်အောင်လုပ်နည်း ဆိုတဲ့ စာအုပ်တစ်အုပ်ကို သူကရေးသားခဲ့ပြီး အဆိုပါ စာအုပ်မှာ သူ့ရဲ့ လေ့ကျင့်ပုံကို ဖော်ပြခဲ့ပါတယ်။ 

Source : naykhayan 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။