ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာတော့ ချီလီအာဏာပိုင်တွေဟာ တောင်ရိုင်တိရိစ္ဆာန်မှောင်ခိုတစ်ဦးကို ဖမ်းမိခဲ့ပါတယ်။

၎င်းမှောင်ခိုသမားကတော့ မျိုးသုဉ်ပျောက်ကွယ်တော့မယ့် ကြက်တူရွေးမျိုးစိတ်တစ်မျိုးဖြစ်တဲ့ ကြက်တော ကြက်တူရွေးလေးတွေကို ခိုးထုတ်ထို့ကြိုးစားနေစဉ် အဖမ်းခံခဲ့ရတာပဲဖြစ်ပါတယ်။

၎င်းမှောင်ခိုသမားကတော့ ကြက်တောကြက်တူရွေး လေးတွေကို ဆေးခတ်ပြီး အိမ်မွေးတိရစ္ဆာန်အဖြစ်ရောင်းချဖို့ ဖမ်းခေါ်လာခဲ့တာဖြစ်သလို သူဟာ ၎င်းငှက်လေးတွေကို အသိုက်ထဲက ခိုးယူလာခဲ့တာပဲဖြစ်ပါတယ် ။

ဒါ့အပြင် သူဟာ ငှက်ကလေးတွေကို ကတ်ထူဘူးတွေနဲ့ ထည့်ပြီး သယ်ဆောင်လာခဲ့တာကြောင့် ငှက်ကလေးတွေဟာ မသေရုံတမယ်ဝေဒနာတွေကို ခံစားနေရတယ်လို့သိရပါတယ်။

သို့ပေမယ့် ကံကောင်းထောက်မစွာနဲ့ ၎င်းငှက်ကလေး ၅၉ ကောင်းလုံးဟာ အသက်ရှင်သန်ခွင့်ရခဲ့ပါတယ်။

လက်ရှိအချိန်မှာဆိုရင်တော့ ၎င်းငှက်ကလေးတွေကို ချီလီအမျိုးသား တိရိစ္ဆာန်ရုံက စောင့်ရှောက်ထားသလို ကျန်းမာရေးပြန်လည်ကောင်းမွန်လာတာနဲ့ တောထဲပြန်လွှတ်ပေးသွားမယ်လို့သိရပါတယ်။

source _DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။