ဆူမို နပန်း သမားကြီးတွေက ကလေးတွေကို ငိုပြီးရင်း ငိုအောင် လုပ်နေကြတာကို မိဘများက ပြုံးရွှင် ဝမ်းသာစွာနဲ့ ကြည့်ရှု အားပေးကြသည့် ရိုးရာပွဲမျိုး ဂျပန်နိုင်ငံတွင် ပြီးခဲ့သော နှစ်ပေါင်း လေးရာကစပြီး ယခုထိ ကျင်းပနေခဲ့တာ ဖြစ်ပါတယ်။ ဆူမိုများလက်မှာ အပ်ပြီး ငိုအောင်လုပ်ခြင်းဟာ ကလေးကို တစ်သက်လုံး ကျန်းမာသန်စွမ်း စေသည်ဟု ဂျပန်လူမျိုး အများစုက ယုံကြည်ကြပြီး အသက် တစ်နှစ်အောက် ကလေးများချည်းသာ ဒီပွဲတော်မှာ ပါဝင်ရတာပဲ ဖြစ်ပါတယ်။ ။ တိုကျို မြို့ ယူကီဂါရာ ဟာချီမန် ဘုရားကျောင်းတွင် ကလေး အငိုပြိုင်ပွဲ နှစ်စဉ် ကျင်းပသလို နိုင်ငံတစ်ဝန်းတွင်လည်း ကျင်းပလေ့ ရှိပါတယ်။ 

ဒီပွဲတော်မှာ ဆိုရင်တော့ ဆူမိုများက ငိုအောင်လုပ်ခြင်းဖြင့် ကလေးတွေဟာ ငိုယိုကာ ကြီးလာလျှင် သန်မာအောင် လုပ်မည်ဟူသော မခံချင်စိတ်များ နိုးကြားသဖြင့် အရွယ်ရောက်လာတဲ့အခါ ပိုသန်မာလာတယ်လို့ မိဘများက ယုံကြည်ကြပါတယ်။ ဆူမိုနပန်း သမားကြီးများက ကလေးငယ်များကို ကိုင်မြှောက်ကာ ငိုအောင် အမျိုးမျိုး လုပ်ကြပြီး ကလေးများ၏ ငိုသံကို ဘုရားရှင် ကြားရသဖြင့် ထိုကလေးများဟာ ကျန်းမာသန်စွမ်းစွာနဲ့ အရွယ်ရောက်လာကြကြောင်းလည်း ယုံကြည်ကြပါတယ်။ 

ပွဲတော် ကျင်းပသည့် နည်းလမ်းများမှာ ဒေသတစ်ခု နှင့် တစ်ခု ပုံစံ ကွာခြားသော်လည်း ရည်ရွယ်ချက်ကတော့ အတူတူ ပဲဖြစ်ပါတယ်။ တချို့ဒေသများတွင် အရင်ငိုသည့် ကလေးက အနိုင်ရသည်ဟု သတ်မှတ်ထားပြီး၊ အချို့ဒေသများ တွင်ကား နောက်မှ ငိုသည့် ကလေးက အနိုင်ဟု သတ်မှတ်သည်လည်း ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ရိုးရာယဉ်ကျေးမှုတွေ ြုပည့်နှက်နေတဲ့ ဂျပန်နိုင်မှာတော့ ဒီလိုကလေးအငိုပွဲတော်ဟာလည်း အထူးဆန်းပွဲတော်တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာ ဂျပန်တစ်နိုင်ငံထဲမှာသာတွေ့ရတဲ့ ပွဲတော်လည်း ဖြစ်ပါတယ်။ 

Source : Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။