လူတိုင်းကတော့ ခေါင်းအုံးနဲ့ အိပ်ခြင်းက ပုံမှန် အသားကျနေတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ခေါင်းအုံးမပါပဲ အိပ်တတ်တဲ့ သူက ရွှေထက်ရှားပါတယ်။ ယခုခေတ်မှာဆိုရင် ဆေးခေါင်းအုံးတွေ အိပ်ကောင်းစေတဲ့ နူးညံတဲ့ ခေါင်းအုံးတွေအများကြီး ကို ရနိုင်ပြီးဖြစ်တဲ့ အပြင်ထို အရာတွေက လူတွေကို ပိုပြီးတော့ သက်တောင့်သက်သာဖြစ်စေတဲ့ အရာတွေဖြစ်ပါတယ်။ဒါပေမယ့် ခေါင်းအုံးနဲ့ အိပ်တာက သင့်ကျန်းမာရေးအတွက်တကယ်ကော ကောင်းကျိုးပေးနိုင်လားဆိုတာကို အောက်က အချက်လေးတွေကို ဆက်ပြီး ဖတ်ကြည့်လိုက်ရင် ရှင်းရှင်းလင်းလင်းသိသွားပါလိမ့်မယ်။

(၁) ဝက်ခြံတွေနဲ့ အရေကြောင်းတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်း

ဟုတ်ပါတယ်... ခေါင်းအုံး နဲ့ မအိပ်ခြင်းက သင့်ရဲ့ မျက်နှာပေါ်မှာဖြစ်ပေါ်တတ်တဲ့ ဝက်ခြံနဲ့ အသက်ငယ်ငယ်မှာ အရေကြောင်းဖြစ်ပေါ်ခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ သင်နေ့စဉ်အသုံးပြုနေတဲ့ ခေါင်းအုံးမှာ ပိုးမွှားတွေအများကြီး ကပ်တွယ်နေတာ ကြောင့် သင့်ရဲ့ မျက်နှာနဲ့ ထိတွေ့မိတဲ့ အခါ ဝက်ခြံတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ နောက်ပြီး မျက်နှာအသားအရေက နေ့တိုင်းခေါင်းအုံးနဲ့ ပွတ်တိုက်မိနေ့တာကြောင့် အရေကြောင်းတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

(၂) နောက်ကျောတွေ နာခြင်း

ဒီတစ်ချက်ကတော့ လူတိုင်း သိသိသာသာ ခံစားနေရတဲ့ အရာတစ်ခုပါ။ မနက်အိပ်ယာနိုးလာတဲ့ အခါဘာကြောင့် မှန်းမသိ နောက်ကျော ဘက်တွေနာနေတာမျိုးတွေဖြစ်ပေါ်နေတတ်တာမျိုးပါ။ ဒီတစ်ချက်က သင့်ရဲ့ ခေါင်းအုံးက အရမ်းထူးနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ခေါင်းအုံးမပါပဲ အိပ်မယ်ဆိုရင် သင့်ရဲ့ ခန္ဓာကိုယ်က ပုံမှန် အတိုင်း ကောက်ကြောင်းကို ဖြစ်စေတာကြောင့် လုံးဝ နောက်ကျော နာကျင်ခြင်းကို သက်သာစေနိုင်ပါတယ်။

(၃) ကောင်းမွန်စွာအိပ်စက်စေနိုင်ခြင်း

သင်စောစောအိပ်ပေမယ့် ညဘက်တွေမှာ ကောင်းကောင်းအိပ်မပျော်ရတဲ့ အကြောင်းအရင်းကတော့ ခေါင်းအုံးကြောင့် ခေါင်းအုံးအမြင့်တွေက သင့်ရဲ့ လည်ပင်းနဲ့ ဦးခေါင်းကို အပေါ်ကို မြှောက်နေစေတာကြောင့် အသက်ရူရတာခက်ခဲစေပြီး ကြာလာရင်တော့ အိပ်မပျော်တဲ့ ရောဂါကိုပါခံစားရစေနိုင်ပါတယ်။

(၄) စိတ်ဖိစီးမှုတွေကို လျော့ချပေးနိုင်ခြင်း

ခေါင်းအုံးနဲ့ အိပ်တာက သင့်ကို သက်တောင့် သက်တာ ဖြစ်စေတယ်လို့ ထင်နေရင်တော့ သင်လုံးဝမှားသွားပါပြီ။ တကယ်တော့ ခေါင်းအုံးနဲ့ အိပ်တာက သင့်ကို သက်တောင့်သက်သာ မဖြစ်စေတဲ့ အပြင် တကယ်ကို အိပ်မပျော်တာကြောင့် စိတ်ဖိစီးမှုတွေကို တစ်ဆက်ထဲ ခံစားရစေနိုင်ပါတယ်။

(၅) မှတ်ဉာဏ်စွမ်းရည် ပိုကောင်းမွန်လာခြင်း

လူတွေရဲ့ ဦးနှောက်က အိပ်စက်နေတဲ့ အချိန်မှာလည်း မနားတမ်းအလုပ်လုပ်နေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ သင်ရုတ်တရက်နိုးသွားတဲ့ အခါ သင့်ရဲ့ စိတ်က အလုပ်တွေကို စတင်လုပ်ဆောင်စေပြီး ဦးနှော်က်ကို အနားပေးချိန်လျော့နည်းလာတာကြောင့် မှတ်ဉာဏ်စွမ်းရည်ကိုလည်း လျော့ကျစေနိုင်ပါတယ်။ ခေါင်းအုံးမပါပဲ အိပ်တာက သင့်ရဲ့ မှတ်ဉာဏ်တိုးတက်စေဖို့ အတွက် အထောက်အကူဖြစ်စေတဲ့ နည်းလမ်းတစ်ခုပါပဲ။

ဒါကြောင့် သင့်အနေနဲ့ ခေါင်းအုံးမပါပဲ အိပ်တတ်အောင်ကြိုးစားကြည့်ပါ။ ဒါဆိုရင်တော့ သင့်မနက်တိုင်းခံစားနေရတဲ့ မအီမသာဖြစ်တာတွေအပြင် ကောင်းမွန်စွာ အိပ်စက်စေနိုင်တာကြောင့် အထောက်အကူ ဖြစ်မယ်လို့ ထင်မိပါတယ်။

Source: doctor.ndtv.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။