မန်ယူနှင့် ပီအက်စ်ဂျီတို့ယမန်နေ့က ယှဉ်ပြိုင်ကစားသည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲစဉ်တွင် ပရိတ်သတ်များအပြုအမူကြောင့် ယူအီးအက်ဖ်အေသည် မန်ယူနှင့် ပီအက်စ်ဂျီအသင်းတို့ကို အရေးယူမည်ဟု အတည်ပြုကြေငြာလိုက်တာပဲ ဖြစ်ပါတယ်။ ထိုပွဲတွင် မန်ယူပရိတ်သတ်များသည် အသင်းကစားသမားဟောင်း ဒီမာရီယာကို တစ်ပွဲလုံးပြစ်မှတ်ထား လှေင်ပြောင်ကြကာ ထောင့်ကန်ဘောကန်ရန်ပြင်စဉ်တွင် ဘီယာဘူးဖြင့် ပစ်ပေါက်ခဲ့ခြင်းကို ဒီမာရီယာက ကောက်သောက်ဟန် ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ထိုလုပ်ရပ်အတွက် မန်ယူအသင်းကို အရေးယူခြင်းဖြစ်ပြီး ပီအက်စ်ဂျီပရိတ်သတ်များမှာ ဂိုးသွင်းပြီးအောင်ပွဲခံစဉ် မီးကျည်မီးပန်းများဖောက်ခဲ့ကြသဖြင့် ပီအက်စ်ဂျီအသင်းကို အရေးယူရန် ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ထိုပွဲတွင် ပီအက်စ်ဂျီအသင်းဂိုးသွင်းစဉ် အောင်ပွဲခံရာတွင် ဒီမာရီယာသည် မန်ယူပရိတ်သတ်ဘက်များလှည့်ကာ လှောင်ပြောင်အောင်ပွဲခံခဲ့သော်လည်း ထိုဖြစ်စဉ်ကို UEFA က ကြည့်ရုံသာကြည့်ရှုပြီး အရေးယူမည်မဟုတ်ဘူးလို့ပြောကြားခဲ့တာပါ။  

ပီအက်စ်ဂျီနည်းပြ သောမက်စ်တူချယ်က ထိုပွဲတွင် အက်ရှ်လေယန်းသည် ဒီမာရီယာကို ကွင်းစည်ဘေး ကုန်းဆင်းနေရာတွင် ဆောင့်တွန်းပစ်ခဲ့ခြင်းမှာ မလိုအပ်သော လုပ်ဆောင်မှုဖြစ်ပြီး ဒုတိယအဝါကတ်မထိသည်မှာ ကံကောင်းတယ်လို့ဆိုခဲ့ပါတယ်။ တူချယ်က " အက်ရှ်လေယန်း ကံကောင်းလို့အနီကတ် မထိတာပါ ။ ဘာမှဒီလိုလုပ်ဖို့မလိုပါဘူး။ ဒီနေရာမှာ ကုန်းဆင်းရှိနေတယ်ဆိုတာကို ဒီကွင်းမှာ အမြဲ ကစားနေတဲ့ သူသိရဲ့သားနဲ့။ ဒါကြောင့် ဒီမာရီယာကို ပရိတ်သတ်တွေကြားထဲ ဒီကုန်းဆင်းကနေ သူတွန်းချဖို့မလိုပါဘူး " လို့ပြောကြားထားခဲ့ တာပဲ ဖြစ်ပါတယ်။

Source - Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။