ထိုင်ဝမ် နည်းပညာကုမ္ပဏီ Acer က တရားရှုမှတ်သူများအတွက် စမတ် စိပ်ပုတီးကိုတီထွင်လိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Acer Leap Beads ဖြစ်ပါတယ်။ စမတ်စိပ်ပုတီးမှာပုတီးအလုံးရေ၊ အပတ်ရေကိုမှတ်သား ထားပေးတဲ့ Smart Chip တစ်ခုထည့်သွင်းထားပါတယ်။ အဲဒီသတင်း အချက်အလက်များကို Smartphone App မှာ ပြသပေးမှာ ဖြစ်ပါတယ်။

ထိုင်ဝမ် လူဦးရေရဲ့ သုံးပုံပုံတစ်ပုံဟာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြတယ်လို့ CIA World Factbookရဲ့ ၂၀၁၅ ခုနှစ်မှ ဒေတာများကဖော်ပြထားပါတယ်။ အဲဒီအတွက် ထိုင်ဝမ်မှာ ဗုဒ္ဓဘာသာဝင်များစွာ နေထိုင်ကြတယ်လို့ ဆိုနိုင် ပါတယ်။ သမားရိုးကျ ပုတီးများမှာအပတ်ရေကိုကိုယ်တိုင် ရေတွက်ရပါ တယ်။ အဲဒီအတွက် တစ်ခါတလေမှာပုတီးအပတ်ရေကိုမေ့သွားတဲ့ အဖြစ် များ ဖြစ်တတ်ပါတယ်။ 

Acerကစမတ် စိပ်ပုတီးမှာစွမ်းရည်အသစ်များကိုအနာဂတ်မှာ ထည့်သွင်းဖို့ စီစဉ်ထားတယ်လို့လည်းသိရပါတယ်။ အဲဒီစွမ်းရည်များ ထဲမှာအီလက်ထရောနစ် ငွေပေးချေမှု စနစ် ၊ ဗုဒ္ဓဘာသာဝင် ဈေးဆိုင်များ၊ စားသောက်ဆိုင်များမှ Discounts များကိုရယူခြင်းတို့ ပါဝင်ပါတယ်။စမတ် စိပ်ပုတီးကို ထိုင်ဝမ်မှာသာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ ထိုင်ဝမ်ဒေါ်လာ ၃၈၈၈ ဖြင့် ဝယ်ယူနိုင်မှာ ဖြစ်ပြီး အမေရိကန် ဒေါ်လာအားဖြင့် ၁၃၂.၇၈ ဝန်းကျင် ကျသင့်နိုင်ပါတယ်။ 

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။