အင်္ဂလန်နိုင်ငံအနောက်ပိုင်း West Midlands ဒေသမှာတော့ ဖခင်တစ်ဦးက အသက်(၈)နှစ်အရွယ် သမီးအရင်းဖြစ်သူကို ရက်ရက်စက်စက်သတ်ဖြတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

သမီးအရင်းလေးကို သတ်ဖြတ်ခဲ့တဲ့ ဖခင်ရဲ့နာမည်ကတော့ Bill Billingham ဖြစ်ပြီး သူရဲ့အသက်ဟာ ၅၄ နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။ 

၎င်းဖခင်အမျိုးသားကတော့ သမီးလေးကို မသတ်ခင် နာရီပိုင်းလေးအလိုမှာဆိုရင်လည်း သမီးလေး ပီဇာ စားနေတဲ့ပုံလေးကို သူ့ရဲ့ဖေ့ဘွတ်အကောင့်မှာ တင်ခဲ့သေးတယ်လို့သိရပါတယ်။

အဲ့ဒီနောက်မှာတော့ ၎င်းအမျိုးသားဟာ သမီးလေးကို ဓားနဲ့ရက်ရက်စက်စက်ထိုးသတ်ခဲ့ပြီး သူကိုယ်တိုင်တောင် ဆေးရုံကို သွားပို့ခဲ့သေးတယ်လို့သိရပါတယ်။

တချို့လူတွေကတော့ ဒါဟာ သူ့ကို ရဲတွေက သံသယမဝင်အောင် လုပ်တဲ့လုပ်ရပ်တစ်ခုဖြစ်တယ်ဆိုပြီး ပြောကြားခဲ့သလို ဆေးရုံကိုရောက်တဲ့အချိန်ကလည်း အရမ်းအချိန်လွန်နေခဲ့ပြီဖြစ်တာကြောင့် ဆရာဝန်တွေအနေနဲ့လည်း သမီးလေးရဲ့အသက်ကို ကယ်ဖို့လုံးဝမဖြစ်နိုင်တော့ပါဘူ

အသတ်ခံခဲ့ရတဲ့သမီးလေးရဲ့ အမေရဲ့ သူသတ်တရားခံဖခင်ဖြစ်သူတို့ဟာ ကွာရှင်းထားကြတာဖြစ်သလို သမီးလေးကိုမသတ်ခင်တင်ခဲ့တဲ့ ပီဇာစားနေတဲ့ ပုံလေးကိုတောင် အမေဖြစ်သူက like နှိပ်ခဲ့သေးတယ်လို့သိရပါတယ်။

ဒါ့အပြင် ၎င်းလူသတ်တရားခံဖခင်ဖြစ်သူရဲ့ သူငယ်ချင်းဟာဆိုရင်း သူအခုလို ကိုယ့်သမီးအရင်းကို ကိုယ်ပြန်သတ်တာ ကျွန်တော်လုံးဝမယုံနိုင်ဘူးဗျာ " လို့ပြောကြားထားသလို ဒီသတင်းကို ကြားသိရတဲ့ လူတိုင်းဟာဆိုရင်လည်း ဖခင်က ကိုယ့်သမီးအရင်းကို ပြတ်သတ်ရမလားဆိုပြီး ယူကြုံးမဖြစ်ကာ လူမဆန်တဲ့ဖခင်ဆိုပြီး ပြောကြားနေကြတာတွေ့ရပါတယ်။

source_ Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။