မနေ့က valentile day လေးကတော့ ကမ္ဘာပေါ်က ချစ်သူရည်းစားတွေအကုန်လုံးပျော်ရွှင်ခဲ့ရတဲ့ နေ့ရက်လေးတစ်ရက်ဖြစ်မယ်လို့ထင်ပါတယ်။

ဒါ့အပြင် ချစ်သူများနေ့မနက်ပိုင်းလေးမှာတက်လာတဲ့ ဆင်တူအင်္ကျီ ဝတ်ပြီး စည်းကမ်းမဲ့ ဆိုင်ကယ်မောင်းနှင်လာတဲ့ စုံတွဲတစ်တွဲကို ယာဉ်ထိန်းရဲတွေက ဖမ်းဆီးခဲ့တဲ့ သတင်းလေးဟာလည်း လူမှုကွန်ယက်ပေါ်က လူအများစိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ဖြစ်ခဲ့တာတွေ့ရပါတယ်။  

သို့ပေမယ့် ထိုင်းနိုင်ငံ အရှေ့ပိုင်း ဖစ်ချ်ပူရီခရိုင် ရဲတပ်ဖွဲ့က ရဲတပ်သားတွေကတော့ မနေ့ကချစ်သူများနေ့မှာ စည်းကမ်းမဲ့ မောင်းနှင်လာတဲ့ ကားတွေ ဆိုင်ကယ်တွေကို ပုံမှန်တိုင်းဖမ်းဆီးခဲ့ပေမယ့် အရင်ကလို ဒဏ်ငွေဆောင်ရမယ့် ဖြတ်ပိုင်းကိုမပေးအပ်ခဲ့ပါဘူး။

၎င်းဖြတ်ပိုင်းအစားဘာပေးခဲ့လဲဆိုရင်တော့ ရဲတပ်ဖွဲ့ဝင်တွေဟာ စည်းကမ့်မဲ့မောင်နှင်လာတဲ့ ယာဉ်ပေါ်ကလူတွေကို ချစ်သူများနေ့အမှတ်တရအဖြစ် အနီရောင်နှင်းဆီပန်းတစ်ပွင့်ဆီပေးအပ်ခဲ့ကြပါတယ်။

တကယ်လို့ အပြစ်မကြီးခဲ့ရင် ဒဏ်ငွေဆောင်စရာတောင်မလိုဘဲ သတိပေးစကားပဲပြောကြားပြီး ပြန်လွှတ်ပေးခဲ့တယ်လို့လည်းသိရပါတယ်။ 

သူတို့အခုလိုဆောင်ရွက်ရတာကတော့ မနေ့ကလို တကမ္ဘာလုံးကချစ်သူရည်းစားတွေအတွက် ပျော်စရာနေ့လေးမှာ ခရီးသွားပြည်သူတွေအပေါ် မေတ္တာထားပြီး ယာဉ်အန္တရာယ်ကျရောက်မှာကို စိုးရိမ်တဲ့အတွက် အခုလိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းရဲတွေဟာ ပြည်သူတွေနဲ့ သူတို့ကြားက ယုံကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာအောင်တည်ဆောက်လိုတဲ့အတွက် အခုလိုပြုလုပ်ပေးခဲ့တာလည်းဖြစ်သလို သူတို့ရဲ့အခုလိုလုပ်ရပ်ကြောင့်ဘဲ ခရီးသွားပြည်သူတွေရဲ့ မျက်နှာပေါ်မှာ ပျော်ရွှင်မှုတွေနဲ့ အပြုံးတွေဝေဆာခဲ့ကြပါတယ်။  

source _DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။