ချစ်ပရိတ်သတ်ကြီးရေ... ဓာတ်ပုံဆိုတာ တကယ်တမ်းသာ ရိုက်တတ်မယ်ဆိုတာ ဖုန်းအကောင်းစားကြီးတွေ ဈေးကြီးကြီးကင်မရာတွေကို သိပ်မလိုပါဘူး။ အပျော်တမ်းရိုက်တတ်တဲ့သူတစ်ယောက်အတွက်ကိုပြောတာပါ။ ဓာတ်ပုံရိုက်ရင် အဓိက က စိတ်ကူးဉာဏ်ကွန်းမြူးတတ်ဖို့ပဲလိုပါတယ်ဗျ။ နောက်တစ်ခုကအလင်းအမှောင်အကြောင်းကောင်းကောင်းသိရမယ် ။ပြီးရင် Editကို တစ်ပုံဆိုရင် ဆိုသလောက်စိတ်ရှည်ရမယ်။ဒါဆိုရင်တော့ Quality ကောင်းကောင်းနဲ့ ဓာတ်ပုံတစ်ပုံကိုပိုင်ဆိုင်နိုင်မှာပါနော်။

များသောအားဖြင့် မိန်းကလေးတွေက ဓာတ်ပုံအရိုက်ခံရတာ ဝါသနာပါတတ်ကြပါတယ်။ သူတို့ဟာ သူတို့ကိုယ်ကို ဓာတ်ပုံရိုက်ဖို့မွေးဖွားလာတဲ့ သူတွေပဲလို့ခံယူထားတတ်ကြသလားအောက်မေ့ရတယ်။ ဒါပေမယ့် သူတို့ယူဆတာလည်းမမှားပါဘူး။ ပြီးတော့ဒါ သူတို့အပြစ်လည်းမဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ သူတို့ကမိန်းကလေးတွေမို့လို့ပါပဲ။သူတို့ဟာ သူတို့ကို ဓာတ်ပုံလှလှလေးတွေရိုက်ပေးတတ်တဲ့ ကောင်လေးမျိုးကို လိုချင်တတ်ကြပါတယ်။ ကိုယ့်ရဲ့ crushဒါမှမဟုတ် ကိုယ့်ချစ်သူက ဓာတ်ပုံရိုက်တာဝါသနာအိုးလေးတွေဆိုရင်တော့ သင်ဒါကိုလေ့ကိုလေ့လာထားမှဖြစ်ပါမယ်နော်။

မိန်းကလေးတွေဟာ သူတို့ရုပ်ကထင်သလောက်မလှခဲ့ဘူးဆိုရင်တောင်မှ ဓာတ်ပုံမလှရင် ညီအစ်ကို တို့ကိုပဲအပြစ်ပြောကြတယ်ဆိုတာလက်ခံကြတယ်မှတ်လား?အဲ့ဒီအခါကျရင် စိတ်ရှုပ်ရမှာမလွဲမသွေပါဘဲ။ ဒီတော့ကြိုတင်ပြင်ဆင်မှုလေးတွေတော့လုပ်ထားကြပေါ့နော်။ အခုဒီစာလေးတွေနဲ့အတူဖော်ပြပေးထားတဲ့ ပုံ(၁၀)ပုံတိတိရှိပါတယ်။ ဒါလေးတွေကို ကြည့်ပြီးတာနဲ့ ဒီပုံစံလေးတွေအတိုင်း skillပြပြီးရိုက်ပေးလိုက်ကြည့်ပါ။ ညီကိုတို့ မျက်နှာတစ်ဝိုက်မှာ အနမ်းပန်းတွေဝေသွားပါလိမ့်မယ်။ ကဲ... အာမလည်းခံတာမို့လို့ ပုံတွေကြည့်ပြီး လေ့လာလိုက်ကြပါအုန်နော်။

Source : apegeo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။