အိန္ဒိယနိုင်ငံကကျင်းပတဲ့လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲကတော့ပြီးဆုံးသွားခဲ့ပါပြီ။ဒီနေ့မှာဗိုလ်လုပွဲကိုကျင်းပခဲ့ပြီးမြန်မာအသင်းနဲ့နီပေါအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။ဒီပွဲအပြီးမှာတော့မြန်မာအသင်းကနီပေါအသင်းကို(၃-၁)ဆိုတဲ့ရလဒ်နဲ့အနိုင်ယူပြီးချန်ပီယံဆုဖလားကြီးကိုအမိမြေကိုသယ်ဆောင်လာနိုင်ခဲ့တာပါ။

ဒီပြိုင်ပွဲမှာအိမ်ရှင်အိန္ဒိယအပါအဝင်နီပေါ၊အီရန်နဲ့မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းတို့ပါဝင်ကစားခဲ့ကြာတာပါ။မြန်မာအသင်းဟာအုပ်စုပွဲ၃ပွဲကစားပြီးရမှတ်၉မှတ်နဲ့ဗိုလ်လုပွဲကိုရောက်လာတာပါ။နီပေါအသင်းနဲ့အုပ်စုမှာတွေ့တုန်းက(၃-ဝ)ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ဒီနေ့ပွဲမှာတော့နီပေါအသင်းကလည်းမြန်မာအသင်းအပေါ်အကောင်းဆုံးကစားနိုင်ခဲ့လို့ပရိသတ်တွေအတွက်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ရပါတယ်။

မြန်မာအသင်းဟာနီပေါအသင်းကိုပွဲအစထဲကဖိအားပေးခဲ့ပေမယ့်နီပေါအသင်းရဲ့နောက်တန်းနဲ့ဂိုးသမားတွေကာကွယ်တာကြောင့်ဂိုးရဖို့ခက်ခဲတာပါ။အောင်မြင်မှုတွေနဲ့ဝေးကွာနေတဲ့မြန်မာအမျိုးသမီးအသင်းကတော့အကောင်းဆုံးကစားသွားနိုင်ခဲ့ပြီးပွဲအပြီးမှာ(၃-၁)ဆိုတဲ့ရလဒ်နဲ့အနိုင်ယူပြီးပရိသတ်တွေမျှော်လင့်နေတဲ့ဖလားကြီးကိုဆွတ်ခူးနိုင်ခဲ့တာပါ။

Source - Myanmar Football Federation 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။