ပရိတ်သတ်ကြီးရေ ဘေဘီမောင်နဲ့သားဂန်းတို့ စုံတွဲလေးကတော့ အခုလက်တလော ပရိတ်သတ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ စုံတွဲလေးပဲဖြစ်ပါတယ်။နှစ်ယောက်သားက ချစ်သူအဖြစ် လက်တွဲခဲ့ကြတာမကြာသေးပေမယ့် အချစ်တွေက နက်ရှိုင်းလွန်းလို့ အရမ်းကိုလိုက်ဖက်တဲ့ နတ်ဖတ်တဲ့စုံတွဲလေးပါနော်။နှစ်ယောက်လုံးက အနုပညာရှင်တွေဖြစ်ပြီး အဆိုကောင်းကြသူတွေဖြစ်တဲ့အပြင် ဘေဘီမောင်က ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ပါတယ်နော်။

သားဂန်းရဲ့ အသံချိုမြမြ လေးနဲ့ သီဆိုတဲ့ သီချင်းတွေဟာဆိုရင် ပရိတ်သတ်တွေကြိုက်နှစ်သက်ကြပြီး ချစ်ခင်အားပေးကြပါတယ်။ဘေဘီမောင်ကလည်း ပွဲတွေမှာ သီချင်းတွေသီဆိုသူဖြစ်လို့ သူမကလည်း အသံကောင်းတဲ့သူတစ်ယောက်ပါနော်။နှစ်ယောက်လုံးက လိုက်ဖက်ညီစွာနဲ့လည်း စုံတွဲသီချင်းလေးတွေ သီဆိုတတ်ကြပါသေးတယ်။ပရိတ်သတ်တွေကလည်း သူတို့စုံတွဲလေးကို သဘောတူလွန်းလို့ အရမ်းချစ်ကြပါတယ်နော်။

ဘေဘီမောင်နဲ့သားဂန်းက တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြလွန်းလို့ တစ်ရက်ကလေးတောင်မခွဲနိုင်တဲ့ ဟင်္သာမောင်နှံလိုပါပဲနော်။အဲ့ဒါကြောင့် ဘယ်သွားသွား သူတို့စုံတွဲလေးက အတူတူသွားကြပြီး ပွဲတွေတက်ရောက်တဲ့ အခါမှာလည်း တစ်ယောက်လက်ကိုတစ်ယောက်ကိုင်ပြီး အချစ်တွေပြည့်နှက်နေတဲ့ မျက်ဝန်းလေးတွေနဲ့ တက်ရောက်ကြလို့ ပရိတ်သတ်တွေကသတိထားမိပါတယ်။အခုဆိုရင်လည်း ဟီရိုး ရုပ်ရှင်ဇာတ်ကားကြီးရဲ့ red carpet show ကို နှစ်ယောက်သား အတွဲညီညီနဲ့တက်ရောက်လာပါတယ်နော်။

Source:Kyaw Ye Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။