မယ်လိုဒီက အနုပညာနယ်ပယ်မှာ လျှောက်လှမ်းခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။မယ်လိုဒီက သရုပ်ဆောင်ပိုင်းကော သီချင်းဆိုတဲ့ နေရာမှာပါ ပိုင်နိုင်လို့ စွယ်စုံရမင်းသမီးတစ်လက်အဖြစ် ပရိတ်သတ်တွေက အသိအမှတ်ပြုထားပါတယ်။မယ်လိုဒီရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ ပရိတ်သတ်တွေရဲ့ အားပေးမှု့တွေ ချစ်ခင်မှု့တွေကို ရခဲ့လို့ အောင်မြင်တယ်လို့ ဆိုလို့ရပါတယ်။

မယ်လိုဒီက အိမ်ထောင်တစ်ခုကို ထူထောင်ပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားပြီးမိသားစုအတွက်သာ အချိန်ပေးခဲ့ပါတယ်။အိမ်တွင်းစီးပွားရေးလေးအဖြစ် နေကြာစေ့ ရောင်းတဲ့အလုပ်လေးကို တစ်နိုင်တစ်ပိုင်လေးလုပ်နေပြီး သူမရဲ့ စီးပွားရေးလေးကလည်း တွင်တွင်ကျယ်ကျယ်နဲ့ အလုပ်ဖြစ်နေပါတယ်။မယ်လိုဒီက ယခုချိန်ထိလည်း ပျိုမျစ်နုနယ်လှပနေပြီး ကျက်သရေရှိတဲ့ အလှကို ပိုင်ဆိုင်ထားပါတယ်နော်။

မယ်လိုဒီမှာ သားလေးတစ်ယောက်လည်း ပိုင်ဆိုင်ထားပြီး သားလေးကအရမ်းတော်လွန်းလို့ ကျောင်းမှာ ဆုတွေလည်း မကြာခဏဆိုသလို ရပါတယ်။ သိန္ဒိစစ်လို့ ချစ်စရာနာမည်လေးပေးထားတဲ့ သားသားလေးက စာလည်းအရမ်းတော်တဲ့ ကလေးလေးပါနော်။အခုဆိုရင် မေမေမယ်လိုဒီက "ကျောင်းစရိတ်တွေဈေးကြီးလို့ အင်္ဂလန်က ဟယ်ရီပေါ်တာတက်တဲ့ ကျောင်းမှာ ထားမယ်လို့ ဆုံးဖြတ်လိုက်တယ်"ဆိုပြီးသားလေးရဲ့ ပုံရိပ်လေးတွေနဲ့ အရွှန်းဖောက်ထားပါတယ်နော်။

Source:Melody Myo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။