အာစီယံယူ၂၂ချန်ပီယံရှစ်ပြိုင်ပွဲတွေကိုတော့မကြာခင်ရက်ပိုင်းမှာယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။အသင်းတိုင်းကလည်းအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့်ကမ္ဘောဒီးယားနိုင်ငံကိုရောက်ရှိနေပြီးလေ့ကျင့်ခန်းတွေလုပ်နေကျတာဖြစ်ပါတယ်။အာစီယံအသင်းတွေဖြစ်ပေမယ့်လည်းတစ်နှစ်ပြီးတစ်နှစ်ကပြိုင်ဆိုင်မှုတွေအပြင်းထန်နဲ့ပွဲကောင်းတွေကိုပရိသတ်တွေမြင်တွေ့ရတော့မှာဖြစ်ပါတယ်။

မြန်မာအသင်းဟာဒီပြိုင်ပွဲမှာတော့အိမ်ရှင်ကမ္ဘောဒီးယား၊မလေးရှား၊အင်ဒိုနီးရှားတို့နဲ့တူတူတစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။သတင်းစာရှင်းလည်းပွဲကိုလည်းမနေ့ကကျင်းပပြုလုပ်ခဲ့တဲ့ဖြစ်ပါတယ်။မြန်မာအသင်းရဲ့နည်းပြချုပ်ကတော့အသင်းကိုကိုင်တွယ်တာသိပ်မကြာသေးပေမယ့်အကောင်းဆုံးယှဉ်ပြိုင်သွားမှာဖြစ်ကြောင်းအိမ်ရှင်ပရိသတ်တွေရဲ့ဒဏ်ကိုခံရမှာဖြစ်ပေမယ့်လည်းပွဲတိုင်းအနိုင်ရဖို့ကြိုးစားသွားမှာဖြစ်ကြောင်းပြောကြာသွားတာပါ။

မြန်မာအသင်းရဲ့အဓိကပစ်မှတ်ဖြစ်တဲ့အာရှယူ၂၃ခြေစစ်ပွဲကိုအောင်မြင်ဖို့အဓိကဖြစ်ကြောင်းပြောကြားခဲ့တာပါ။မြန်မာအသင်းဟာကစားပုံလည်းပိုမြန်ဆန်လာခဲ့ပြီးခြေစွမ်းကောင်းတွေကိုပရိသတ်တွေမြင်တွေ့ခဲ့ကြတာပါ။မကြာခင်ယှဉ်ပြိုင်တော့မယ့်အာစီယံယူ၂၂ပြိုင်ပွဲဝင်မြန်မာအသင်းရဲ့ယှဉ်ပြိုင်မှုတွေကိုလည်းအားပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။