ချစ်ပရိတ်သတ်ကြီးရေ... အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ဖို့အတွက် ခြေလှမ်းမှန်မှန်လေးနဲ့ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေခဲ့တဲ့ မော်ဒယ် သရုပ်ဆောင်မင်းသမီးလေးဘေဘီမောင်ဟာ ပရိတ်သတ်တွေရဲ့အသည်းကျော်လေးပါနော်။ သူမဟာ သူမဝါသနာပါတဲ့အနုပညာအလုပ်တွေကို စိတ်နှစ်ကိုယ်နှစ်ကြိုးစားနေရင်းနဲ့ ပရိတ်သတ်တွေလက်ခံထားတဲ့နေရာတစ်နေရာကိုပိုင်ပိုင်နိုင်နိုင်ရရှိထားခဲ့ပါပြီနော်။

သူမဟာ အခုအချိန်မှာဆိုရင် အဆိုတော်သားဂန်းနဲ့အတူတူ သာယာအေးချမ်းတဲ့အချစ်ရေးလေးကိုပိုင်ဆိုင်ထားပြီးတော့ အနုပညာအလုပ်လေးတွေကို ဖြည်းဖြည်းနဲ့မှန်မှန်လေးလုပ်နေခဲ့ပါတယ်နော်။ ချစ်သူကတစ်ဖက် အနုပညာအလုပ်တွေကတစ်ဖက် ဆိုပေမယ့် သူမအရမ်းချစ်ရတဲ့ မေမေနဲ့ ညီမလေးကိုတော့ အမြဲ အချိန်ပေးနိင်အောင်ကြိုးစားခဲ့ပါတယ်နော်။

အခုတစ်ခါမှာတော့ ဘေဘီရဲ့ ညီမလေးဖြစ်သူ မဟေသီရဲ့မွေးနေ့မှာ ဘေဘီမောင်တို့ဟာ မိသားစုစုံစုံညီညီလေးနဲ့ မွေးနေ့အလှူတော်လေးကိုကျင်းပ လှူန်းခဲ့ကြပါတယ်နော်။ မိသားစုအလှူလေးဖြစ်ပြီးတော့ နာဂလှိုင်ဂူဘုရားကုန်းမြေ သတ္တဋ္ဌာနအောင်မြေ မှာ အလှူလုပ်ခဲ့တာပဲဖြစ်ပါတယ်နော်။မိသားစုသုံးယောက်သားလည်း ဒီအလှူလေးအတွက်ကျေနပ်ပီတိဖြစ်ခဲ့ရပါတယ်နော်။ ကဲ...ညီမလေးဖြစ်သူ မွေးနေ့ရှင်လေးမဟေသီနဲ့အပြိုင်လှနေတဲ့ မေမေနဲ့ဘေဘီတို့ရဲ့မိသားစုပုံရိပ်လေးတွေကိုချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Baby Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။