ပရိသတ်ကြီးရေ.. ရွှေရွှေစုံတွဲလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပြည်သူ့အချစ်တော် စုံတွဲလေးဖြစ်ကြတဲ့ ရွှေထူးနဲ့ရွှေမှုံရတီတို့ စုံတွဲလေးကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို အများဆုံးရရှိထားကြတဲ့ စုံတွဲလေးပါပဲ..။

တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး လိုက်ဖက်ညီလွန်းတဲ့ သူတို့စုံတွဲလေကတော့ အားကျလောက်အောင် ရိုမန်ဆန်တဲ့ ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုအောင် လုပ်နိုင်လွန်းတဲ့ စုံတွဲလေးဆိုလည်း မမှားပါဘူး..။

ပရိသတ်တွေရဲ့ အသည်းကျော် ရွှေရွှေစုံတွဲလေးကတော့ လတ်တလောမှာလည်း ဇနီးမောင်နှံနှစ်ယောက်အတူ နှစ်ယောက်တည်းဒိတ်ရင်း အေးအေးချမ်းချမ်း အပန်းဖြေနေတယ်လို့ ဆိုပါတယ်..။

ခရီးမထွက်ပဲ ရန်ကုန်မြို့ထဲမှာတင် အပန်းဖြေရင်း ခင်ပွန်းသည်နဲ့အတူ နှစ်ယောက်တည်းဒိတ်နေကြတဲ့ နေရာလေးကိုလည်း ပရိသတ်တွေကို ပြောပြရင်း မျှဝေထားပါသေးတယ်..။

သူမတို့ လတ်တလောအပန်းဖြေနေတဲ့နေရာလေးကတော့ ရန်ကုန် လှိုင်သာပန်းလှိုင်အိမ်ရာထဲမှာရှိတဲ့ အေးချမ်းပြီး အရမ်းပြည့်စုံတဲ့ ဟိုတယ်လေးမှာ အနားယူနေကြတာဖြစ်ပြီး အရမ်းဖော်ရွေသလို စိတ်စေတနာပါလွန်းတဲ့ ဝန်ဆောင်မှုကောင်းမှုတွေနဲ့ အစားအသောက်ကောင်းတွေအပြင် ခင်ပွန်းသည်ရွှေထူးနဲ့မို့ ရွှေမှုံလေးတစ်ယောက် အိမ်မပြန်ချင်တော့ပါဘူးဆိုလည်း ပြောပြထားပါသေးတယ်နော်..။

လတ်တေလာမှာတော့ နှစ်ယောက်တည်း ပျော်ပျော်ရွှင်ရွှင်အပန်းဖြေရင်း ဒိတ်နေကြတဲ့ ရွှေရွှေစုံတွဲလေးတို့ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ရွှေမှုံရတီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။