အာစီယံယူ၂၂ပြိုင်ပွဲတွေကတော့မနေ့ကကမ္ဘောဒီးယားနိုင်ငံမှာစတင်ကျင်းပနေပြီဖြစ်ပါတယ်။

ဒီနေ့မှာတော့ပရိသတ်တွေစိတ်အဝင်စားဆုံဖြစ်တဲ့မြန်မာအသင်းရဲ့အုပ်စုပွဲတွေကိုကစားရ

တော့မှာဖြစ်ပါတယ်။မြန်မာအသင်းဟာဒီနေ့ညနေ၃နာရီခွဲအချိန်မှာအင်ဒိုနီးရှားအသင်းနဲ့စတင်ကစားရတော့မှာဖြစ်ပါတယ်။

အုပ်စုတက်ဖို့အတွက်ဆိုအဖွင့်ပွဲမှာကတည်းကမဖြစ်မနေအနိုင်ယူဖို့လိုအပ်နေတဲ့မြန်မာအသင်း

အတွက်တော့ဘယ်လိုရလဒ်ထွက်လာမလဲဆိုတာပရိသတ်တွေကစိတ်ဝင်စားနေတာဖြစ်ပါတယ်။

အင်ဒိုနီးရှားနဲ့မြန်မာအသင်းတို့ဟာလည်းအမြဲလိုလိုတွေ့ဆုံဖူးတဲ့အသင်းတွေဖြစ်ပေမယ့်

ခုနောက်ပိုင်းမှာအုပ်စုတစ်ခုတည်းမှာပြန်တွေ့တာဖြစ်ပါတယ်။

နှစ်သင်းရဲ့တွေ့ဆုံမှုတိုင်းမှာလည်းတစ်သင်းနဲ့တစ်သင်းအကြိတ်အနယ်နဲ့ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ရပါတယ်။

မြန်မာအသင်းကတော့ပြင်ဆင်ချိန်နည်းပေမယ့်နည်းပြသစ်ရဲ့လက်ထက်မှာအကောင်းဆုံး

ခြေစွမ်းတွေရနေတာဖြစ်ပါတယ်။တိုက်စစ်အသားပေးတဲ့ပုံကိုကစားတာကြောင့်မြန်မာအသင်းရဲ့

တိုက်စစ်တွေကိုမကြာခင်မှာမြင်တွေ့ရတော့မှာဖြစ်ပါတယ်။သတင်းစာရှင်းလင်းပွဲတုန်းကလည်း

ဒီပြိုင်ပွဲမှာအောင်မြင်ဖို့ကြိုးစားမှာဖြစ်ကြောင့်ပြောကြားခဲ့တာကြောင့်ပရိသတ်တွေစောင့်ကြည့်အားပေးဖို့ဖိတ်ခေါ်လိုက်ကပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။